Mr. MarGaNovember 19, 20121min2237
၁၉ နိုဝင်ဘာ ၂၀၁၂ တနင်္လာနေ့ ရန်ကုန်တက္ကသိုလ်တွင် ပြောကြားမည့် သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ …………………………………………………………………………….. (အိမ်ဖြူတော်သတင်းဌာန) အမေရိကန်ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲပြေ ာပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တော်တော်များများမှာ ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို ဝတ်စုံဖြူတွေ၊ ဝတ်ပြီးသွားတွေ့အားပေးကြတဲ့ လုပ်ဖော်ကိုင်ဖက်တက်ကြွလှုပ်ရှားသူတွေ၊ လမ်းမထက်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေ၊ ကျနော်တို့တွေ့ခဲ့ရပါတယ်။ ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီဖို့ စုပေါင်းလုပ်ဆောင်ကြတဲ့ သာမန်ပြည်သူတွေရဲ့ […]