ThanlwinooJuly 6, 20111min1418
ပြီးခဲ့တဲ့ ၂၀၁၁-ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းက ဒဂုံမြို့သစ်မြို့နယ်များနဲ့ မြောက်ဥကလာပမြို့နယ်များမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြောင်းလဲခန့်ထားလိုက်ပါတယ်။ အသစ်ခန့်အပ်လိုက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ကြံ့ဖွံ့နှင့်နီးစပ်သူများ၊ အမာခံများဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူများနဲ့ အနီးကပ်ဆုံး ဆက်ဆံဆောင်ရွက်ကြမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေနဲ့ အရည်အချင်းပြည့်ဝမှု၊ အကျင့်စာရိတနဲ့ စိတ်သဘောထား ကောင်းမွန်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ဖြုတ်လိုက်သော အုပ်ချုပ်ရေးမှူးဟောင်းများရော၊ အုပ်ချုပ်ရေးမှူးသစ်များရော အချိန်လုံလောက်စွာ ကြိုတင်သိရှိထားခြင်း မရှိဘဲ အလျင်စလိုပြောင်းလဲလိုက်တာကြောင့် အုပ်ချုပ်ရေးလွှဲပြောင်းမှု၊ အသစ်ဆောင်ရွက်မှုများမှာ အားနည်းချို့ယွင်းချက်များ ရှိနိုင်ပါတယ်။ လက်ရှိအစိုးရအနေနဲ့ လုပ်ငန်းများဆောင်ရွက်ရာမှာ ပွင့်လင်းမြင့်သာမှု Transparency ရှိရန် လိုအပ်ပါတယ်။ သို့မှသာ အများပြည်သူများ၏ ယုံကြည်မှုရရှိနိုင်ပြီး သမတဦးသိန်းစိန် မကြာခဏပြောကြားနေသည့် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ် Good Governance ကို လက်တွေ့ဆောင်ရွက်နိုင်ပါလိမ့်မည်…။ (ပထမဦးဆုံးအကြိမ် Post တင်ခြင်းဖြစ်သည့်အတွက် သည်းခံပါရန် တောင်းပန်ပါသည်..)