နွယ်ပင်October 20, 20111min1686
ပြေတီဦး နှင့် အိန္ဒြာကျော်ဇင် တို့ သမီးဦးကလေးကို ဝိတိုရိယဆေးရုံကြီးတွင် အောက်တိုဘာ (14) ရက် နံနက် (6) နာရီ (8) မိနစ်တွင် ဒေါက်တာ ဒေါ်မေသူမျိုးညွန့်မှ ခွဲစိတ်မွေးဖွားပေးခဲ့ပါတယ် … ကလေးရဲ့ ကိုယ်အလေးချိန်က ခုနှစ်ပေါင်နဲ့ ငါးအောင်စရှိပြီး မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းမွန်ကြောင်း သိရပါတယ် .. အူဝဲမွေးနေချိန် တစ်လျှောက်လုံးမှာ မွေးခန်းထဲမှာ ရှိနေတဲ့ပြေတီဦးကတော့ ” အူဝဲကို မွေးဖွားနေတဲ့ အချိန်မှာ စိတ်လှုပ်ရှားမူဖြစ်နေပင်မဲ့ စိုးရိမ်ပူပန်တာတော့ သိပ်မဖြစ်ဘဲ သမီးလေးကို မြင်လိုက်ရချိန်မှာတော့ အရမ်းကို ပိတီဖြစ်ရပြီး ဝမ်းသာကြည်နှူးမိတယ်လို့ ” ပြောကြားခဲ့ပါတယ် ….