အားလူးအလုံးကြီး ငါးလုံးကို ပြုတ်ထားပါ ဆန်မုန့်(၁၅)ကျပ်သား ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း (၁)ဇွန်း ဆားအနည်းငယ်ကို ရေနဲ့ ခပ်ပြစ်ပြစ်ဖျော်ထားပါ။ မွှေရင်း ခပ်ပြစ်ပြစ်လေးဖြစ်လာပြီဆို ခဏဘေးဖယ်ထားပါ အာလူးပြုတ်ပြီးသားကို ပါးပါးလှီးပါ။ လှီးပြီးသားအာလူးကို စောနက ဖျော်ထားတဲ့ မုန့်နှစ်ထဲထည့်ပါ။ ကြက်သွန်မြိတ် သုံးပင်လောက် ပါးပါးလှီးထားတာရယ် ကြက်သွန်နီ သုံးလုံး ပါးပါးလှီးထားတာရယ် ထည့်ပါ ဆား လက်ဖက်ရည်ဇွန်း (၁)ဇွန်း ဟင်းခတ်မှုန့် ဖက်ဖက်ရည်ဇွန်း (၂)ဇွန်း ငရုတ်ကောင်းမှုန့်အနည်းငယ်နဲ့ မွှေကာ ချေပေးပါ။ လက်ကို သန့်စင်စွာဆေးပြီး ချေပေးလည်းရပါတယ်။ အရမ်းကြေစရာမလိုပါဘူး။ ပုံပါအတိုင်းဆို ရပါပြီ။ ဒယ်အိုးအပြားအဝိုင်းမှာ ဆီ အနည်းငယ်ထည့်ပါ။ ဒယ်အိုးပူလာရင် စောနက အာလူးငါးလုံးချေထားတဲ့ အနှစ်ထဲက တစ်ဝက်ကို အဝိုင်းပုံစံ ဖြန့်ပါ။ (၃)မိနစ်လောက ်မီးအလယ်အလတ်လောက်ထားပြီး အဖုံးအုပ်ထားပေးပါ။ (၃)မိနစ်ပြည့်ရင်တော့ […]