Yan ShinJune 26, 20111min1374
  မြန်မာနိုင်ငံမှာ ဝက်နားရွက်ပြာရောဂါကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီလို့ ဘီဘီစီတွေ့ဆုံခန်းမှာ ကြားလိုက်ရပါတယ်။ အပြင်မှာလည်းကြားနေရပါတယ်။ အဲဒီကာကွယ်ဆေးထုပ်လုပ်တဲ့ Dr; Aung Myint ဆိုတာ မြန်မာနိုင်ငံ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့်သုတေသန ဌာနမှာ အရာရှိကြီးအဖြစ် ကာလကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူကာ ပြင်ပမှာ တိကု ဆေး(ဓါတ်ခွဲခန်း)ဖွင့်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့ Biologist တစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။ 23.6.2011 ကြာသာပတေးနေ့ မနက် (10) နာရီမှ နေ့လည်တိုင်အောင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး၏ လမ်းညွှန်မှု့ကြောင့် မြန်မာနိုင်ငံဆေးပညာကောင်စီ၊ မွေးရေဝန်ကြီးဌါန၊ မွေးကုဦးစီးဌါန တို့မှ အကြီးတန်းအရာရှိကြီးများ Dr;Aung Myint ၏ကာကွယ်ဆေးထုပ်လုပ်ရာသို့ သွားရောက်စစ်ဆေး ဆွေးနွေးခဲ့ကြောင်း၊ လောလောဆယ် ကာကွယ်ဆေးထုတ်လုပ်ခြင်း ရောင်းချခြင်း အသုံးပြုခြင်းကို ရပ်တန့်ထားပါရန်နှင့် အမြန်ဆုံး ဆွေးနွေး အဖြေရှာသွားမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်ဟု ခိုင်လုံသော […]