နာရေးသတင်းတစ်ခုကြားတိုင်း ကျွန်မတွေးမိတာက …… ငါကော ဘယ်နေ့လည်းလို့ အလျင်အမြန်တွေးမိပါတယ်။ ကျွန်မဘေးနားကသူတွေကော ဘယ်တော့လဲလို့ ထပ်ဆင့်တွေးမိပါတယ်။ ကျွန်မတို့မသေခင် ဘာတွေချန်ထားပြီး ဘာတွေယူသွားမှာလဲလို့ နောက်ထပ်တွေးမိပါတယ်။ ဒီလိုတွေးပြီးတိုင်း ကျွန်မခံစားရတာက ကျွန်မ မုန်းသောသူ ၊ ကျွန်မ ခွင့်မလွှတ်နိုင်သောသူ၊ ကျွန်မကို တိုက်ခိုက်နေသောသူ၊ ဒုက္ခပေးသောသူ … သူတို့အားလုံးကို ခွင့်လွှတ်ချင်လာပြီး နောက်တခါ သူတို့နဲ့တွေ့ရင် စိတ်ပါလက်ပါ ပြုံးပြလိုက်မယ်လို့လေ။ ခုချိန်မှာ ကျွန်မသေသွားခဲ့သော် ……… ♦ ကျွန်မ သေသွားခဲ့သော် … တစ်ယောက်သောသူက သူ့အတ္တကို ဆုပ်ကိုင်လို့ အရယ်မျက်လုံး နဲ့ ငိုပေလိမ့်မည် တစ်ယောက်ကတော့ စာနာထောက်ထားစွာနဲ့ အရှိုုက်တစ်ချက်ဖြင့် ငိုလိမ့်မည် တစ်ယောက်ကတော့ သ ူပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းအတွက် နောင်တရနေလိမ့်မည် တစ်ယောက်သောသူကတော့ သူ […]