Ko chogyiMay 11, 20132min44224
အခုတစ်လော ရာသီဥတုကပူပြင်းလို့ ကျွန်တော်အမေ အစားအသောက်တွေသိပ်မစားလို့ အားပြတ်မှာ စိုးရိမ်တဲ့အတွက်  Royal Nest တံဆိပ် ငှက်သိုက် ဝယ်တိုက်ရပါတယ်။ အမေကအသက်ကြီးပြီဆိုတော့ အစား မစားရင် ကျန်းမာရေးထိခိုက်မှာစိုးလို့ပါ။ ငှက်သိုက်သောက်ပြီး အမေလည်းလန်းလန်းဆန်းဆန်းနဲ့ တွေ့ရလို့ ဝမ်းသာမိ ပါတယ်။ ဒါပေမဲ့ ငှက်သိုက်အားဆေးပုလင်းကိုကြည့်ရင်း မိမိအသွေးအသားနဲ့ အသိုက်တည် ဆောက်ကြတဲ့ ဇီဝဇိုးငှက်ကလေးတွေအကြောင်း   တွေးမိ လိုက် ပါတယ်။           ဇီဝဇိုးငှက်အမျိုးအစား(၉)မျိုးခန့်ရှိပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်းတစ်လျှောက် ကျင်လည်ကျက်စားနေတဲ့ ဇီဝဇိုးငှက်အမျိုးအစား (၃)မျိုးခန့်သာရှိပါတယ်။ အဖြူရောင်အသိုက်ဆောက်သောမျိုး၊ အမဲရောင်အသိုက် ဆောက်သောမျိုးနဲ့ မြက်သိုက်ဆောက်တဲ့မျိုးဆိုပြီးရှိပါတယ်။  ကမ်းရိုးတန်းကျွန်းစုများမှာ သဘာဝ အသိုက်ပြုလုပ်ခြင်း၊ မိမိသဘောဆန္ဒအလျှောက် လူနေအိမ်များမှာ ဝင်ရောက် အသိုက်ပြုလုပ်ခြင်းနှင့် မလေးရှားနိုင်ငံနည်းပညာဖြင့် အသံတုပြုလုပ်ပြီး အသိုက်ဆောက်လုပ်စေခြင်းဆိုပြီး လည်းရှိပါတယ်။ အဖြူရောင်အသိုက်ဆောက်တဲ့ ဇီဝဇိုးငှက်တွေဟာ ဒီဇင်ဘာလလောက်မှာ မြန်မာနိုင်ငံ […]


Ko chogyiApril 7, 20131min29219
ငယ်စဉ်တောင်ကျေး ကလေးဘဝအရွယ်ကတည်းက အတူကြီးပြင်းလာကြတဲ့ သူငယ်ချင်း၊ ပညာရည်နို့သောက် ဘဝလမ်းကြောင်းတစ်လျှောက်မှာ လက်တွဲလာခဲ့ကြတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် သေအတူရှင်မကွာ အနစ်နာခံဖက် လောကဇာတ်ခုံပေါ်က သူငယ်ချင်း၊ သူငယ်ချင်းဆိုတဲ့ အဓိပါယ်ဖွင့်ဆို ချက် တွေကတော့ များပါတယ်။ ကျွန်တော် ဗန်းမော်မြို့မှာနေထိုင်စဉ်က အလုပ်ကိစနဲ့ စင်းခမ်းကိုရောက်သွားခဲ့ပါတယ်။ စင်းခမ်းရောက်တော့ တွေ့ချင်တဲ့သူက ကောင်းတုံဆက်တက်သွား တယ်ဆိုလို့ ကောင်းတုံဆက်လိုက်ဖိုလုပ်တော့ လိုင်းလှေကထွက်သွားပါပြီ။ စင်းခမ်းက လူတစ်ချို့ကို လှေငှားဖို့ မေးမြန်းကြည့်တော့ ငါးဖမ်းထွက်နေကြတော့ မရနိုင် ဘူးတဲ့၊ ကိုယ်ကလည်း ကောင်းတုံကို အမှီလိုက်ချင်တော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်။ သူတို့ က စင်းခမ်းရွာဘေးက ချောင်းကလေးကိုဖြတ်ပြီး သစ်ဆွဲတဲ့လမ်း အတိုင်း လျှောက်သွားရင် ကောင်းတုံကို သိပ် ကြာကြာမသွားရဘူးလို့ အကြံပေးကြတယ်။ မိုက်မိုက်ကမ်းကမ်းပါပဲ လမ်းမသိဘဲ အဖော်နှစ်ယောက်နဲ့ လမ်းလျှောက်ပြီး ထွက်ခဲ့ကြတယ်။ […]