amatminJuly 13, 20121min35922
မနေ့ကအိမ်မှာပျင်းနေတာနဲ့ စာအုပ်အဟောင်းပုံထဲ ပြန်လိုက်ရှာရင်း အတွေးအမြင်စာစဉ်အဟောင်းလေးတွေ ပြန်ဖတ်မိသပေါ့ဗျာ..။ ဖတ်နေရင်း.ဒသ၁န ကဗျာလေးတပုဒ်တွေတော့ ရွာထဲမှာ ပြန်မျှချင်လာတယ်.. ကျနော်ကိုယ်တိုင်တော့ တလောလေးက ပြောခဲ့သလို စိတ်နေမကောင်းများဖြစ်နေလို့လားမသိ.. ကဗျာလေးကို အလွန့်ကို နှစ်ခြိုက်မိပါ၏.။ ဖတ်ကြည့်မိတဲ့ရွာသူားတွေလည်း ကဗျာကပေးတဲ့ ငြိမ်းချမ်းမှုအတွေး နဲ့ မျှော်လင့်ခြင်းရသ ကိုခံစားမိမယ်လို့ထင်မိပါကြောင်း..။ ရန်များတဲ့.အရပ်ကိုရှောင်ဖယ်မသွားဘဲ ထိပ်တိုက်တွေ့ပီးဖြေရှင်းချင်တဲ့စိတ်.. ငြိမ်းချမ်းမှုကို ကြီးငယ်မဟူ မျှဝေခံစားစေလိုတဲ့စိတ်… အမှောင်ဆိုတဲ့.သောကဒုက္ခတွေနောက်မှာ. မျှော်လင့်ချက်တွေနဲ့တောက်ပနေတဲ့ နေ့သစ်အလင်းရောင်တွေကိုမြင်နေတတ်တဲ့ စိတ်.. ဆိုတော့ ကျနော်တို့ စိတ်တွေကို တစိတ်တပိုင်းထိန်းကျောင်းပေးနိုင်တဲ့ ကဗျာကောင်းလေးမို့. ကိုယ်တိုင်ဖတ်ရင်း အတွေးပွားကြည့်ကြပါလို့..။ မှောင်ရည်ပျောက်လျှင် နေ့သစ်ရောက်မည်.. “လုံခြုံသောအရပ်မှာ မနေလိုပါ..။ ရန်တွေဝေလျှံနေရာ လောကနယ်မှာ.. ခိုင်မာရဲရင့်စွာ စွန့်စားကြဖို့သွားလာ.. ရန်ကိုပြေငြိမ်းဖို့ အို ခိုင်းတော်မူပါ..။။။။” “ရန်များပြေငြိမ်း အေးသောနေ့တာ.. ဤနေ့မှာ ပေါ်ထွန်းတောက်လာ.. သိုးငယ်များ ခြင်္သေ့သားရဲကြားမှာ.. […]