လွန်ခဲ့တဲ့နှစ်ပါတ်ကျော်ကျော်လောက်ကပေါ့ခဗျ။ ကျောင်းပိတ် ရုံးပိတ် တရက်မှာ ကျတော်နဲ့ သားအကြီး (ရှစ်တန်းကျောင်းသား) ညနေဖက် ကိုယ်ကာယလူပ်ရှာမူ့လေးဘာလေး ဖြစ်အောင် ကြက်တောင်ရိုက်ကြပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကိုယ်ပိုင်ကွင်းနဲ့ ဝတ်စုံတွေနဲ့ ဘာညာဘာညာ မတွေးကြပါနဲ့ဗျိုးး။ ဒီအတိုင်း ကျတော်က ပုဆိုးအစုတ် နဲ့ သားကြီးက ဂျင်းဘောင်းဘီအတိုနဲ့။ ဘက်တံက ဟိုးးးးတနှစ်ကဝယ် ထားတဲ့ ဘဲဥပုံမဖြစ်တော့တဲ့အဟောင်းကိုယ်စီနဲ့ အမွှေးတစ်ချောင်းလန်နေတဲ့ကြက်တောင်ကို ခြံထဲမှာပဲ ကျဉ်းကျဉ်းကျပ်ကျပ် ဟိုဘက်ပို့ သည်ဘက်ရိုက် ကစားနေကြတာပါ။ ကျတော်တို့ကစားနေတုန်း ကျူ ရှင်ကပြန်လာတဲ့ သားအငယ်ကောင်က မြင်ပါလေရော။ လွယ်အိတ်တွေ အဝတ်တွေ ကမန်ကတန်း ချ ချွတ်ပြီး သူလဲရိုက်မယ်ဆိုပြီးကစားပွဲဆီကို ဝင်ချလာပါတယ်။ ဒီကောင်ကနှစ်တန်း အရပ်ကနဲနဲပု ခြေတံလက်တံကသိပ်မရှည် အကြီးကောင်ကလဲ သူ့ညီလေးကိုပြောရှာပါတယ်။ မင်းရိုက်တတ်မှာမဟုတ်ဘူး။ကိုကြီးတို့ရိုက်တာကိုဘေးက ကြည့်။ နောက်နှစ်လောက်မှ ညီလေးကစားလို့ရမယ်လို့ပြော ပြရှင်းပြပါတယ်။ ဒါပေမဲ့အငယ်ကောင်က […]