alinsettSeptember 29, 20151min105120
အမေစု သို့–>>   —– ဒီနေ့မနက် ကျနော့်ကားကို အမျိုးသမီးတစ်ယောက် ငှားတယ်၊၊   မဂ်လာဒုံ ပန်းခြံကုန်းမှတ်တိုင်(ပြည်လမ်းပေါ်)နားက စစ်တပ်မိသားစုလိုင်းခန်းတွေထဲကို ငှားတာ၊၊ ပြည်လမ်းပေါ်ကနေ လိုင်းခန်းတွေရှိရာ ခြံဝန်းကြီးထဲ ချိုးကွေ့ဝင်ရမှာပေါ့၊၊   ဝင်ပေါက်ထဲကို ချိုးကွေ့အဝင်မှာပဲ အပေါက်စောင့်စစ်သားနဲ့ ကျနော် ပြဿနာတက်တယ် အမေစုရေ၊၊   ကျနော့်ကားကို အထဲ ဝင်ခွင့် မပေးနိုင်ဘူးတဲ့၊၊ စစ်သားတွေရဲ့ မျက်နှာက တင်းပြီး ထန်နေတာပဲ၊၊   ကျနော်က ဘာကြောင့်လဲ လို့ ပြန်မေးတာပေါ့၊၊ ကျနော့်အရှေ့မှာတင် တခြား Taxi တစ်စီး ဝင်သွားတယ်လေ၊၊ Taxi မဝင်ရလို့လည်း စာမရေးထားပါဘူး၊၊   ဝင်ခွင့်မပေးရတဲ့အကြောင်းက ကျနော့်ကားမှာ NLD အလံ တပ်ထားလို့ပါတဲ့၊၊   ဖြစ်ရလေ ဝိုင်းစိန်ရယ်—- […]