fattyAugust 4, 20111min25413
အမေ အတော်ပျော်နေပုံရသည်။ ပင်စင်လစာအသစ်တွေ တချို့ထုတ်နေရပြီဖြစ်ကြောင်း ဂျာနယ်များတွင်ပါလာပြီ။ အနှစ် ၃ဝ လုံးလုံး အစိုးရအမှုထမ်းအဖြစ် တာဝန်ယူပြီး အသက်မပြည့်မီ မြေးများကိုထိမ်းရန် ပင်စင်ယူလိုက်ရသည်။ ဝန်ထမ်းဘဝကလည်း ထားရာနေ စေရာသွား တာဝန်ကျေအောင် အနယ်နယ်သို့လှည့်ခဲ့ရသည်။ တခါတခါ အမေနေမကောင်းသော်လည်း အားခဲကာ ရုံးတက်ခဲ့ရသည်များကို အမှတ်ရမိပါသည်။ သားသမီးများတက္ကသိုလ် ဆက်ထားနိုင်ရေး အိမ်တိုင်ပါ ချွတ်ရောင်းခဲ့ရသည်။ အဖွားအရွယ်ရောက်တော့ သားသမီး မြေးများကို မုန့်ဖိုးပေးချင်သည်။ အမေ့မှာ တပြားမှမရှိတော့ … သူများလာ ကတော့သည့်ငွေလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မလှုရက်မတန်းရက် .. မုန့်ဖိုးပေးရမှကျေနပ်သည်။ အမေပေးသောမုန့်ဖိုးသည် ယနေ့ခေတ် ဆိုက်ကားခသာရှိတော့သည်ကို အမေသိချင်မှသိမည်။ ဘာပြောပြော သူကတော့ ပေးလိုက်ရလျှင် အကျေနပ်ကြီးကျေနပ်နေပါတော့သည်။ ကျနော်ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်စဉ် အဆောင်မှာ ထမင်းစားမကောင်းပါက လှည်းတန်း ကိုယုန် […]