– – +++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++ လောကကြီးထဲ ဝင်လာတုန်းကပေါ့… နာကျင်မှုကို သူမမှု ဝါး…ဆိုတဲ့ ငိုသံနောက်မှာ ပီတိတွေအကုန်စုလို့ ငါ့ကို မွေးဖွားပေးခဲ့တယ်…။ လူလားမြောက်လာချိန်မှာပေါ့… မေတ္တာနို့ရည်ကို တိုက်ကျွေး ရင်ငွေ့နွေးကြားက ငါ့အပေါ် အပြုံးပန်းတွေ ဝေချလို့ ချစ်မဝဖြစ်ခဲ့ပြန်တယ်…။ ကျောင်းတက်စအချိန်မှာပေါ့… ဖြူစိမ်းဝတ်စုံ ပါးကွက်ကျား စုတ်ဖွားလွတ်အိတ်နဲ့ ကျောင်းသူကြီးကို ရှုမငြီးဖွယ် တစိမ့်စိမ့်ကြည့်လို့ ကြည်နူးခဲ့ရပြန်တယ်…။ ပညာသင်ချိန်ကာလမှာပေ့ါ… လိုအပ်တာ အကုန်ဖြည့်ဆည်း “ငါ့သမီး စာကျက်နေရင် ပြီးရော” တဲ့… စာအံသံတွေ နားဆင်ရင်း ဘဝအမောတွေလည်း ပြေခဲ့ရပေါ့…။ ဆယ်ကျော်သက်အရွယ်မှာပေါ့… အရာရာကို နားလည်ပေးလို့ “အမေသာ သူငယ်ချင်းကောင်းပါ” တဲ့… အကြောင်းအကျိုးခွဲခြားတတ်ဖို့ မနားတမ်း သွန်သင်ခဲ့ပြန်တယ်…။ မြို့တော်ကြီးကို စေလွှတ်ကာနီးပေါ့… “ငါ့သမီးတက်လမ်းအတွက်ဆို ခွဲနိုင်ပါတယ်” တဲ့… […]