etoneOctober 27, 20101min2888
နာရီသံကတစ်ချက်ချက်နဲ့ရွှေ့လျားနေသည်  အချိန်ကား ဆယ့်တစ်နာရီလေးဆယ် ….. အိပ်ချင်လာသယောင်ဖြစ်နေသောကြောင့် ကော်ဖီပူပူးလေးတစ်ခွက်ထဖျော်လိုက်တယ် ။ ပြီးတော့ စာကြည့်စားပွဲကိုပြန်ထိုင်စာကျက်ဖို့ ပြင်ပါတယ် ။ တစ်ညနေလုံးစာထိုင်ကျက်ရတာငြီးငွေ့နေသော်လည်း မဖြစ်မနေစာကျက်ရမည်ဟုစိတ်တင်းကာ အာရုံစုစည်းပြီး စာကျက်နေပါတော့တယ်။ အိမ်ရှိအိမ်သားများအားလုံး အိပ်နေပေပြီ ။ ညကလည်း ပိုပို၍ညဉ့်နက်လာသည် စာတိုးတိုး ညည်းသံကလွှဲ၍ တခြား ဘာအသံမှမကြားရအောင်ပင် တိတ်ဆိတ်လွန်းလှသည် ။ ညနေကတည်းက ထိုင်ကျက်နေရ၍ညောင်းချိနေသဖြင့် စာကျက်တာ ခဏရပ် ခါးကိုနည်းနည်းမတ်ပြီး လက်ဆစ်တွေကိုတဖျောက်ဖျောက်ချိုးမိပါတော့တယ် ။ ကော်ဖီနံ့သင်းသင်းလေးကို ရှုရှိုက်ရင်း နံရံပေါ်က နာရီကိုကြည့်တော့ ဆယ့်နှစ်နာရီစွန်းစွန်းဖြစ်နေပြီ သန်းခေါင်ယံတောင် ကျော်ပါပကောလား… ။ ဟူး…….. သက်ပြင်းတစ်ချက်ချလိုက်ပြီး တခြားဘာသာရပ်တွေဆက်ကျက်ရန်စာအုပ်တွေလှန်လှောရင်း… ရှူရှိုက်မိလိုက်သည်က အနံ့သင်းသင်းလေးတစ်မျိုး သေချာတာက ကိုယ့်ဆီကမဟုတ်တာ ….။ ဘယ်သူများတရေးနိုးကြီးထပြီးရေမွှေးဆွတ်ပါလိမ့်…. “အမ်….ဘယ်သူမှလည်းမရှိဘူး ။အားလုံး အိပ်နေဆဲပါလား … “မွှေးနံ့လေးက […]