etoneAugust 31, 20103min1005
အဏုစိတ် ပန်းပု ပညာရှင် Dalton Ghetti သည် ခဲတံ၏ ခဲသားဖြင့် ထွင်းထု ဖန်တီးထားသော အလွန်သေးငယ်သည့် လက်ရာမြောက် ပန်းပုရုပ်ထုလေးများကို ၂ နှစ်ခွဲခန့် ဒုက္ခသုက္ခခံ၍ ပြုလုပ် ဖန်တီးခဲ့သည်။ Dalton Ghetti သည် နှစ်ပေါင်း ၂၅ နှစ်ခန့် ခဲတံကို ကိုင်ကာ လက်သမား ဘဝဖြင့် အသက်မွေးခဲ့သူဖြစ်ပြီး သူ၏ အံ့အားသင့်ဖွယ် ခဲတံ ခဲသားပန်းပု ရုပ်ထုများတွင် ရောဒ့်အင်ရိုလ်း ဘုရင် Elvis Presley ရုပ်ထု ၊ အင်္ဂလိပ် အက္ခရာများ၊ သံကြိုး ၊ ဖိနပ်၊ ကုလားထိုင်ခုံ နှင့် အခြားအဏုစိတ် လက်ရာများပါဝင်သည်။