(၁) အမေကြီး ခွဲစိတ်ခန်းထဲကို ဝင်သွားကတည်းက ဂဏာမငြိမ်သော စိတ်တွေနှင့် ပျာယာခပ်စွာ လူးလောက်ခေါက်ပြန် လမ်းလျှောက်လိုက် ထိုင်လိုက် ထလိုက် မတ်တပ်ရပ်လိုက်နှင့် မသိသားဆိုးရွားစွာ ဒေါ်အေးကြည်စိတ်တွေ လှုပ်ရှားလွန်းလှသည်။ လက်တွင်ပတ်ထားသော နာရီကိုကြည့်မိရသည်ကလည်း ဘယ်နှစ်ကြိမ် ဘယ်နှစ်လီမှန်းမသိ။ ဆယ့်ငါးမိနစ်တစ်ကြိမ်လို ကြည့်ကြည့်မိနေရသည်။ နောက်ပြီး ခွဲခန်းရှိရာ အပေါ်ထပ်ကနေ ဆေးရုံကြီး အဝင်ပေါက်ဘက်ကို အကြည့်ကလည်း ခဏခဏရောက်ရသေးသည်။ ပွဲလမ်းသဘင်တစ်ခုလို စည်ကားနေသော ဆေးရုံဝန်းအတွင်းမှာ လူလူသူသူများစွာထဲမှာ အမေကြီးရဲ့ သားတွေ သမီးတွေများ လိုက်လာကြမလားဆိုသည့် အတွေးနှင့်ပါ။ သို့သော်လည်း ဒေါ်အေးကြည့်က ရင်ထဲတွင် သိနှင့်နေရက်ခဲ့ပါသည်.။ အချိန်တွေသာကုန်ကုန်သွားရသည်။ ပေါ်တော်မမူလာသော အမေကြီးရဲ့ ရင်းနှစ်သည်းချာ သားသမီးများ ဒီကနေ့လည်း လာမည်မဟုတ်။ “ဒေါ်အုန်းရင် လူနာစောင့်“ “ဟုတ်ကဲ့ ကျွန်မ ပါရှင်“ မေ့မျောနေသော အမေကြီးကို […]