အမြီး..အမောက်..နှင့် စကားစုများ ။။ ငယ်ငယ်ထဲက ကြားဖူးနေတာပဲဗျ ..လူကြီးတွေလဲပြောပြောနေကြတာပဲ ကျွန်တော်လည်း တစ်ခါတစ်လေ ကိုယ်အောက်ကလူတွေကိုပြောတာပဲ ဒီစကားလုံးသုံးနှုန်းပြီးပြောတာကတော့  တော်တော်များများ သိထားပြီးကြတဲစကားတွေပါပဲ ဒါပေမယ့်ဒီနေ့မှ ဒီအကြောင်းသိလိုက်တာ ကျွန်တော်ကိုယ်ကိုကိုယ် တော်တော်ညံသွားပြီထင်တာပဲ ကိုယ်တိုင်နေ့စဉ်သုံးစွဲ ပြောဆိုနေတဲ့ အမှတ်မထားမိတဲ့ စကားလုံး  အသုံးအနှုန်းလေးတွေကို တခါတရံသတိထားမိတဲ့အခါမှကြမှသာ..သဘောပေါက်ကြရတာကလား….. လူကြီးသူမတွေရှေကပြောလို့သာ လိုက်ပြောကြတာ  အခုနှောက်ပိုင်းလူတွေ အသက်အတန်ငယ်ရပြီးသား လူအများတောင် အဓိပ္ပာယ် မဖော်နိုင်တဲ့ စကားစုများစွာရှိနေပါသေးတယ်… အဲဒီစကားလုံတွေပေါ်ပေါက်လာရတဲ့ အကြောင်းရင်းခံကတော့ရှိနေမှာပါ..လေ့လာဆန်းစစ်နိုင်မှု အားနည်းချက်နဲ့  ပေါ်ပေါက်လာတဲ့ လက်ငင်းဖြစ်ရပ်အပေါ် ပေါ်လွင်စွာ ပြောဆိုသုံးစွဲ နိုင်မှုကြောင့် လက်ရှိအချိန်ထိ  စကားလုံးရဲ့ အဓိပ္ပာယ်ကိုမသိပဲပြောဆိုသုံးနှုန်း နေတဲ့စကားလုံပေါင်းမြောက်များစွာ ကျန်ရှိနေပါသေးတယ်….. အဲဒီစကားလုံးတော်တော်များများရှိတဲ့အနက်အချို့ကို ရေးပြရရင်………. ကလေးတွေအဆော့လွန်လို့အိမ်ပြန်မရောက်လာရင် ဆူပူလေ့ရှိတဲ့ အခါ ““နင်တို့ ကိုးချင်းကိုးချင်း သွားနေတာပဲ””ဆိုတဲ့ ( ကိုးချင်းကိုချင်း) ဆိုတာဘာကိုရည်းညွှန်းတာပါလဲ။။။ တစ်ခုခုကိုငြင်းဆန်မိရင်/ […]