Ma MaSeptember 4, 20131min40334
ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ DVB ရုပ်မြင်သံကြား အစီအစဉ်မှာ ပြသသွားတဲ့ Debate ဆိုတဲ့ အစီအစဉ်တစ်ခုကို ပြီးခဲ့တဲ့ရက်အနည်းငယ်က အမှတ်မထင် ကြည့်ခဲ့ရပါတယ်။   အရင်တုန်းကတည်းက ဒီလိုအစီအစဉ်တွေရှိခဲ့လား ပြသခဲ့ဖူးသလားတော့ မသိပါဘူး။   အဲဒီအစီအစဉ်မှာ ကွမ်းစားခြင်း နဲ့ ပတ်သက်ပြီးတော့ ဘက်စုံ ထောင့်စုံကနေ ဆွေးနွေးထားတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထားတဲ့ အစီအစဉ်ကလေးပါ။   ပါဝင်ပြီး ဦးဆောင်ဆွေးနွေးသူတွေထဲမှာ ဆရာဝန်ပါတယ်။ မြို့တော်စည်ပင်သာယာရေးကော်မတီမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူထားသူပါတယ်။ မိမိကိုယ်တိုင်ရော ဘိုးဘွားမိဘတွေကိုယ်တိုင်ရော ကွမ်းကို အစဉ်တစိုက် နှစ်ပေါင်းများစွာ စားလာ/နေသူ ပါတယ်။ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်နေတဲ့ လူငယ်အဖွဲ့က လူငယ်တစ်ဦးပါတယ်။   အဲဒီလို ဆွေးနွေးပွဲမှာ (ရိုက်ကွင်းမှာ) လာရောက်ကြည့်ရှု့ကြတဲ့ ဧည့်ပရိတ်သတ် အနည်းငယ်လည်း ရှိနေပါတယ်။ ဧည့်ပရိတ်သတ်တွေထဲမှာလည်း သွားဆရာဝန်ပါတယ်။ […]