OnyxApril 22, 20121min1919
ကျွန်တော်နေတဲ့ မြို့နယ်က ရေပေးရေး ရေကို အားလုံးမရတဲ့ နေရာလေးပါ။ အဲလိုနေရာတွေမှာ ရေစက်ကြီးများကိုသာ အားထားနေရသူတွေပါ။ အခုချိန်ထိအောင်ကို သူများစီကနေ ရေကိုဝယ်သုံးရနေသူတွေအများကြီးလဲ ရှိပါသေးတယ် အဲလိုရပ်ကွက်တွေမှာ ရေရဖို့ဆို ရင် မီးကို အချိန်ပြည့်နီးပါရမှသာ အဆင်ပြေကြတာပါ။ သောက်ရေသုံးရေတွေက အစပေါ့ မီးရှိမှ အဆင်ပြေကြတာပါ။သင်္ကြန်တွင်းမှာ မီးကို အချိန်ပြည့် ပုံမှန်ရနေတော့ အတော်လေးကိုစိတ်ချမ်းသာမိပါတယ် ။နို့သိပ်တော့မခံပါဘူး သင်္ကြန်လဲ တက်ကရော မီးပါ ပါသွားလေသလားအောင်းမေ့ရတယ် လားလား မီးများပျက်ချက်က 9လောက်ကိုရှိပါကောလား ။ မနေ့ကဆို သန်းခေါင်မှ မီးလာလို့ ရေစက်ကို ဘေးအိမ်တွေအားနာနာနဲ့ပဲ တင်လိုက်ရပါတယ် ။ မနက်ရောက်တော့မှ တောင်းပန်ရတော့တာပေါ့ ။ ဒါပေမဲ့ ဘေးအိမ်ကလူများက နားလည်မူပေးလို့ တော်သေးရဲ့ နို့ပေမဲ့ သူတို့လဲ ရေရှည် ဆို သီးခံနိုင်ပါမလားပေါ့။ […]