သင်္ကြန်ပြီး သကာလ လျှပ်စစ်မီးအခြေနေလေးပါ……..

OnyxApril 22, 20121min2239

ကျွန်တော်နေတဲ့ မြို့နယ်က ရေပေးရေး ရေကို အားလုံးမရတဲ့ နေရာလေးပါ။ အဲလိုနေရာတွေမှာ ရေစက်ကြီးများကိုသာ အားထားနေရသူတွေပါ။ အခုချိန်ထိအောင်ကို

သူများစီကနေ ရေကိုဝယ်သုံးရနေသူတွေအများကြီးလဲ ရှိပါသေးတယ် အဲလိုရပ်ကွက်တွေမှာ ရေရဖို့ဆို ရင် မီးကို အချိန်ပြည့်နီးပါရမှသာ အဆင်ပြေကြတာပါ။

သောက်ရေသုံးရေတွေက အစပေါ့ မီးရှိမှ အဆင်ပြေကြတာပါ။သင်္ကြန်တွင်းမှာ မီးကို အချိန်ပြည့် ပုံမှန်ရနေတော့ အတော်လေးကိုစိတ်ချမ်းသာမိပါတယ် ။နို့သိပ်တော့မခံပါဘူး သင်္ကြန်လဲ တက်ကရော မီးပါ ပါသွားလေသလားအောင်းမေ့ရတယ် လားလား မီးများပျက်ချက်က 9လောက်ကိုရှိပါကောလား ။

မနေ့ကဆို သန်းခေါင်မှ မီးလာလို့ ရေစက်ကို ဘေးအိမ်တွေအားနာနာနဲ့ပဲ တင်လိုက်ရပါတယ် ။ မနက်ရောက်တော့မှ တောင်းပန်ရတော့တာပေါ့ ။ ဒါပေမဲ့ ဘေးအိမ်ကလူများက နားလည်မူပေးလို့ တော်သေးရဲ့ နို့ပေမဲ့ သူတို့လဲ ရေရှည် ဆို သီးခံနိုင်ပါမလားပေါ့။ ရှေ့လျှောက် ပိုပြီး ပူပြင်းပြီး အိုက်လာတော့မယ် ရေရဲ့လိုအပ်ချက်တွေပို များလာတော့မယ်ဆိုတော့ကား လျှပ်စစ်မီးသာ ဒီထက်ပိုဆိုးပြီး များပျက်လို့ကတော့ မတွေးဝင့်စရာပါ ။

လောက်စာဆီကို ဝယ်သုံးပြီး စက်တွေကိုမောင်မယ်ဆိုပြန်တော့လဲ မွဲဖို့ကိန်းသာ မြင်မိတာမို့ ….

အဲသလိုအဲသလို အခက်အခဲတွေကို ဘယ်ကဲ့သို့ ဖြေရှင်းရင်ဖြစ်မလဲစဉ်းစားရင်းနဲ့ ပဲ ဒီပိုစ်လေးကို တင်လိုက်ရပါကြောင်း ။

9 comments

  • ဗိုက်ကလေး

    April 22, 2012 at 7:07 pm

    အဝီစီတွင်း စုပြီး တူးကြပါလားဟင်..
    ဗိုက်ကလေးတို ့ အပြောကတော့ လွယ်တယ်နော်.. 😆

  • Onyx

    April 22, 2012 at 7:23 pm

    ပထမဆုံး အနေနဲ့ ဝင်ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ် ။
    အိမ်ရှင်ထက် အိမ်ငှားပေါလို့ အဲ အစီစဉ်ကို အဖိုးက အကောင်ထည်ဖော် ပေမဲ့ အဖြစ်မြောက်ခဲ့ပါဘူးခင်ဗျာ။

  • ချာလီဂဇက်ဒလဝမ်

    April 22, 2012 at 7:42 pm

    အော် . . ဒုက္ခ . .ဒုက္ခ
    လောကီဘုံဘဝ
    ကြုံတွေ့ရ
    ဒုက္ခ တွေချည်းပါလား
    အကြံပေးဖို့ငှါ
    မစွမ်းသာ
    မီးမှန်အောင်သာ
    ဆုတောင်းပါ .. ။

  • Onyx

    April 22, 2012 at 7:50 pm

    ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့ ဟုတ်ဒလယ်ဟုတ်ဒလယ်

  • နေဝန်းနီ

    April 22, 2012 at 9:46 pm

    အိမ်မှာတော့ 17နှစ် ရှိပြီ…။ အဝီစိတွင်းနဲ့ အင်ဂျင်နဲ့တင်တယ်…။ မော်တာပြောင်းဖို့ ပြောပေမဲ့ မပြောင်းဘူး…။ လျှပ်စစ်မီး မသေချာလို့ …။ ခုဆို မီးလာလာ မလာလာ ကိုယ့်အင်ဂျင်နဲ့ကို အိုကေပဲ…..။ အသံတော့ဆူတာပေါ့…။ မနက်ခင်း လူတွေ အိမ်မှာ မအားတဲ့အချိန်တင်ထားလိုက်တယ် …။

  • etone

    April 23, 2012 at 2:57 pm

    မီးပျက်တာက ဖယောင်းတိုင်သုံးလို့ရသေးတယ် … ။ အဲ့ဒီ ရေမလာတာ အဆိုးဆုံးပဲ … ။
    ရေတွေ မီးတွေတောင် ကိုယ့်တိုင်ပြည်ထဲ အပြည့်ဝ မပေးနိုင်သေးပဲနဲ့ …. ဘာရောင်းမယ်လး ညာရောင်းမယ်လေးနဲ့ ….. အသားထဲက လောက်ထွက် ဖွီ ……… 😡

  • ဆူး

    April 23, 2012 at 3:27 pm

    အဝီစိတွင်းတူးပြီး နောက်လူတွေ လာရင် ပိုက်ဆံ ကောက်.. သို့မဟုတ် တအိမ်ကို ဘယ်လောက်နှုန်း ရေသုံးခ ဆိုပြီး တောင်းလိုက်လေ.. အဲဒါဆို အရင်းကြေယုံမက အမြတ်ပါ ထွက်နိုင်တယ်။

  • Patriotic Burma

    April 24, 2012 at 12:08 am

    Try to make donation.I mean u make all this thing for other people who live around you.At least, u could get the advantages of donating water with asking for it.:)

  • Onyx

    April 27, 2012 at 12:57 pm

    အခုလို အကြံဝိုင်းပေးကြတာ ကျေးဇူးတင်ပါတယ် ဗျာ။

Leave a Reply