Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျမရဲ့ BizNet ကတော့ အသဲခွဲတာပါပဲ…

WowApril 22, 20121min54546

ကျမရဲ့ အလုပ်ကတော့ ကန်ပနီမှာ Liaison သဘောမျိုးပါပဲ။ ကန်ပနီတွေရဲ့ Image လို့လဲပြောလို့ရတာပေါ့။ ရွာထဲက ဂီဂီတို့လို မာကတ်တာတွေရဲ့ အခြေခံသဘောတရားလေးတွေကို သိထားရသလို ပီအာ လို့ပြောကြတဲ့ Public Relation ၊ ပြီးတော့ လူတွေရဲ့ Psychology ကိုလည်း တီးမိခေါက်မိရှိထားရပါတယ်။

အဲဒီမှာအဓိကက ဘာတွေ့ရသလဲဆိုတော့ မြန်မာလူမျိုးတော်တော်များများက သူများပြောတာကို နားမထောင်တတ်တာပါပဲ။ အရှေ့တိုင်းသားတစ်ချို့လဲ အဲဒီလိုအကျင့် ရှိတတ်ကြပါတယ်။ သူများပြောတာကို နားမထောင်သူတော်တော်များများက စကားတွေအများကြီးပြောလေ့ပြောထရှိပါတယ်။ သူတို့ဘာလိုချင်တယ်၊ သူတို့ဘာဖြစ်ချင်တယ်၊ သူတို့ဘာထင်တယ် စသည်ဖြင့်ပေါ့။

အဲဒီတော့ သူတို့ရဲ့ ခံစားချက်၊ သူတို့ဘာဖြစ်ချင်တယ်၊ သူတို့ဘာလိုအပ်တယ် ဆိုတာကို ကျမတို့ကမြင်အောင် ကြည့်ရပါတယ်။ လူတော်တော်များများက Needs နဲ့ Wants ကို မဆုံးဖြတ်နိုင်ကြပါဘူး။ သူတို့ဘာလိုချင်လို့ လိုချင်မှန်းမသိတဲ့သူတွေ တော်တော်များများတွေ့ဖူးပါတယ်။ သူတို့ဘာတွေလိုချင်တယ်ဆိုတာ စကားတွေ အများကြီးပြောပြီး၊ သူများပြောတာကိုလဲ တစ်ခွန်းမှနားထဲမရောက်ပါဘူး။ ဒါပေမဲ့ အဆုံးသတ်ကျတော့လဲ သူတို့ပြောတာတွေကို သူတို့တကယ်လိုချင်သလားဆိုတော့လဲ သူတို့ကိုယ်တိုင်မသေချာပါဘူး။

( so many wants တွေ….) သူတို့ဘာကို တကယ်လိုအပ်လဲဆိုတဲ့ what they really need? ဆိုတာကတော့ ဝေးရောပဲ။

ကန်ပနီမှာ လူတွေကိုလှည့်ပတ်အချော့ရဆုံး ဒါမှမဟုတ် လူမုန်းအများဆုံးကလဲ ကျမတို့တွေပါပဲ။ သူတို့တွေ ဘလာ..ဘလာ…ဘလာ တွေပြောထားသမျှ တတ်နိုင်သလောက် ချော့တစ်မျိုးခြောက်တစ်မျိုးနဲ့ ကန်ပနီက လူတွေကို လှည့်ပတ်ခိုင်းရတာပါ။ ဒါပေမဲ့ တစ်ခါတလေ သူတို့ပြောတာတွေက အတော်ယုတ္တိတန်ပါတယ်။

Client is always right! ဆိုပြီး ငြိမ်နေရင် ရေရှည်မှာ ဘယ်သူ့အတွက်မှမကောင်းပါဘူး။ ဥပမာဆိုကြပါစို့ နဲနဲထင်ရှားတဲ့ ဥပမာလေးပြောပါရစေ။ အမျိုးသားတစ်ယောက်က သူအရမ်းကို ကိုက်ခဲနေတယ်။ အဲဒီမှာ ကြော်ငြာထားတာသဘောကျလို့ဆိုပြီး ကေသီပန်သောက်ဖို့လုပ်နေတယ်။ OK! ကျမတို့ဘာဆက်လုပ်မလဲ။ ကျမတို့ သူ့ကို ကေသီပန်ပေးလိုက်ရင် လတ်တလော သူအရမ်းသဘောကျသွားမယ်။ ဒါပေမဲ့ရေရှည်မှာ သူလဲမကောင်းသလို ကန်ပနီလဲ ယောက်ကျားလေးကို ကေသီပန်ပေးတဲ့ ကန်ပနီဖြစ်သွားမယ်။

အဲဒီမှာစတွေ့တာပါပဲ။
အဲဒီအချိန်မှာ ကျမတို့အလုပ်က သူ့ကို အသဲခွဲပေးရပါတယ်။

လူတွေမှာ “ငါ” ဆိုတဲ့ အတ္တရှိပါတယ်။ ငါ၊ ငါ့ပစ္စည်း၊ ငါ့ချစ်သူ၊ ငါမိသားစု၊ ငါ့ပတ်ဝန်းကျင် စသည်ဖြင့် ငါနဲ့ပတ်သက်သမျှကို ကြိုက်ပါတယ်။ Advertising တွေမှာ အဓိကက အဲဒီ့ “ငါ” ကိုချိန်ပြီး ပစ်ရပါတယ်။ ငါနဲ့ မဆိုင်ဘူးဆိုရင် ဘယ်သူမှစိတ်မဝင်စားပါဘူး။ အဲဒီလိုပဲ “ငါ” ကိုမကောင်းပြောရင်ဘယ်သူမှမကြိုက်ပါဘူး။ အဲဒီ့ “ငါ” ကလဲမကောင်းတဲ့ အာရုံကို ပိုပြီးတပ်ညှိလွယ်ပါတယ်။ စာကျက်မလား၊ ရုပ်ရှင်ကြည့်မလားဆို … 99.9% က ရုပ်ရှင်ကြည့်မယ်၊ စာမကျက်ဘူးပါပဲ။

စာကျက်တာမကောင်းဘူးလား၊ ကောင်းတယ် ဒါပေမဲ့ Everybody စာမကျက်ချင်ပါပဲ။

အဲလိုပါပဲ ကိုယ့်ပစ္စည်းဆိုကောင်းတယ်ထင်တယ်။ I’m the King so my product is the King as well.

မကောင်းကြောင်းပြော လုံးဝလက်မခံ။ အဲဒါ လူ့သဘာဝပါပဲ။ အဲဒီအချိန်မှာ ကျမတို့က သူတို့အသဲကို လှလှပပလး ခွဲပေးရပါတယ်။ အသဲအကွဲခံမှ ရေရည်ကောင်းမှာပါ။ နင်မကောင်းဘူး၊ နင်လုပ်တာမကောင်းဘူး၊ နင်ထင်တာမမှန်ဘူး …. သွားပြောကြည့်ပါလား။ သတ်မသွားကံကောင်း နောင် ကိုယ့်ဆီ ဘယ်တော့မှ မလာတော့ဘူး။

အခုနကေသီပန်သောက်ချင်နေတဲ့ အမျိုးသားကိုလည်း နင်ကဂေးမို့လို့သောက်ချင်တာလားလို့ သွားပြောကြည့်ပါလား။ ပြောလို့မရဘူးလေ။ အဲဒီတော့ ကျမတို့ဘာလုပ်ရမလဲ????

လူတိုင်းဟာ ပတ်ဝန်းကျင်က ကိုယ့်ကိုအလေးထားစေချင်တယ်။ ပတ်ဝန်းကျင်က ဘယ်လိုထင်မလဲဆိုတာကို အမြဲခေါင်းထဲမှာရှိတယ်။ အဲဒီတော့ OK! ကေသီပန်သောက်ချင်လား၊ သောက်ရမယ်။ ဒါပေမဲ့ လူတွေကဘယ်လိုထင်မလဲမသိဘူးနော်။ နဲနဲမေးကြည့်ရမလား။ Yes! He’ll accept it! လူလေးငါးခြောက်ယောက်လောက် ခေါ်ပြီး စကားပြောခိုင်းကြည့်လိုက်။ ကျမတို့က ဒါကို Focus Group Meeting လို့ခေါ်ပါတယ်။ တစ်ယောက်ကို စာရွက်တစ်ရွက်စီပေးပြီး ထင်တာတွေချရေးခိုင်းလိုက်။

အဲဒီမှာ အသဲအကြီးအကျယ်ကွဲတော့တာပါပဲ။ ကိုယ်မကောင်းတာတွေကို အကြီးအကျယ် မျက်ရည်တွေ ဗူးသီးလုံးလောက်ကျပြီး နားထောင်လိုက်ပါ။ အချိန်မှီသေးတယ် ပြင်လို့ရသေးတယ်။ Public ထဲရောက်သွားမှ ဆိုရင်တော့ သေလို့ရတယ်။

အဓိကကတော့ ကိုယ်လိုချင်တာနဲ့ လိုအပ်တာကိုခွဲသိဖို့နဲ့ သူများဘာပြောသလဲဆိုတာတွေလဲ နားထောင်ဖို့ပါပဲ။
မြန်မာမှာတော့ ဒီProcess ကိုအပိုလို့ ထင်သူတွေများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသဲကွဲမခံနိုင်ကြဘူးလေ…. 😛

46 comments

  • ဗိုက်ကလေး

    April 22, 2012 at 6:43 pm

    ကိုဝေါင်းလား ကိုဝိုးလားမသိပါဘူး
    ပက်ပက်စက်စက် အသဲခွဲမခံနိုင်လို ့ သေချာလေးဖတ်သွားပါတယ်နောာ
    သေချာတာကတော့ ကေသီပန်သောက်ဖို ့ တစ်ခါမှတော့ မစဉ်းစားမိသေးတာအမှန်ပါတော်
    ဪ..
    အရေးထဲ နားမထောင်ပဲ ဝင်ပြောမိသွားပြန်ဘီ..
    အသဲတော့ မခွဲလိုက်ပါနဲ ့နော်ာ်..
    ခွင့်လွှတ်နော်ာ်

    • Wow

      April 22, 2012 at 7:08 pm

      အော် ကိုဗိုက်ကိုတော့ အသဲခွဲတာထက် ပုလင်းခွဲလိုက်ရင် ပိုခံစားရမယ်ထင်တယ်နော် 😛

  • water-melon

    April 22, 2012 at 7:02 pm

    သများတို့ရော
    ကေသီပန်သောက်ချင်ပါသေးတယ်
    အားရှိတယ်ဆိုလို့
    ှဗိုက်ကလေးရေ
    ဘီအီးနဲ့မျောသောက်ရအောင် ကေသီပန်ကို

  • Onyx

    April 22, 2012 at 7:10 pm

    ဟာဂျာ ဘီအီးတော့ မလုပ်ပါနဲ့ ရိုးရာမပျက် ထန်းရေလေးနဲ့ဆိုရင်ကောဟင်။
    အားရှိတယ်တဲ့တော့ ရွာထဲမှာ ပန့်ဖောက်ပြီး လိုက်ဝေမှ ။

  • Wow

    April 22, 2012 at 7:17 pm

    ကေသီပန်နဲ့ ဖရဲသီးတို့စားကောင်းတယ်တဲ့… 😀

    • Onyx

      April 22, 2012 at 7:45 pm

      အဲလိုဆို ကေသီပန်ကို ထန်းရေလေးနဲ့ရော လို့ကွယ် ဖရဲသီးကိုထည့်ကာရယ် ကိုဗိုက်သောက်ခါ
      မှောက်ပါတယ်ပေါ့လေ အဟစ်အဟစ် ..:)

  • ရဲစည်

    April 22, 2012 at 7:26 pm

    ကို/မ ဝိုးရေ…
    သများ ကေသီပန်နဲ့ဆာဒူးကြီး ရောသောက်ချင် တယ်ပေါ့နော်…သများကို သများချစ်ပါတယ်…အသည်းခွဲရင်လဲ တစ်ခုခုတော့ ပေးသောက်ပီး ခွဲလိုက်လိုက်ပါနော်..နော်..ဟင့် 🙂

    • Wow

      April 22, 2012 at 7:40 pm

      ရဲစည်ရေ ကေသီပန်နဲ့ဆာဒူးကြီးရောသောက်ရင်တော့…
      ဟယ် မပြောရက်ပါဝူး….
      😛

  • ချာလီဂဇက်ဒလဝမ်

    April 22, 2012 at 7:33 pm

    တောင်တောရယ်က သာပါတယ်
    မ ဟဝှာ ဟိုဒင်းရယ်ကြောင့်
    အသဲခွဲတာ ဗစ်ဇနက်ပါတဲ့
    ဟောဒီ မောင်ဒလဝမ်လေးမှာတော့
    သဲ. .ဟက်တက်တက်ကွဲ ။

    • Wow

      April 22, 2012 at 7:37 pm

      အမလေး… ရီလိုက်ရတာ ကိုချာလီရယ်….

  • Wow

    April 22, 2012 at 7:35 pm

    အော် ဘယ်လိုမှ အတည်ပေါက်ရေးလို့မရတဲ့ ငါ့ဘွ…
    😛

    • Gipsy

      April 22, 2012 at 8:51 pm

      အွန် …ဘယ်လိုလုပ်ပြီး အတည်ပေါက် ဖြစ်မတုန်း..
      များသောအားဖြင့်..ဒီရွာမှာ လာပျော်နေကြတဲ့ အများစုဟာ
      ကျုပ်အပါဝင် ကြုံရာ ကျဘမ်းတွေ ( ရမ်းတွတ်တာ )
      အစ တစ်စ ရလို့ကတော့ အပီးကိုဆွဲကြတော့တာ သိသားနဲ့….
      ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက် သိတယ်မို့လား….။

      • Gipsy

        April 22, 2012 at 8:56 pm

        ဟိုဒင်းနော်.. အများစု ကျဘမ်းတွေလို့ ပြောမိတာက ဒီရွာ ထဲမယ်ပြောတာ
        အပြင်မှာ မဟုတ်ဖူး… ဝှုူး…ကံကောင်းလို့…။

        • Wow

          April 23, 2012 at 10:28 am

          ဟင်းနော် အပြောအဆို အနေအထိုင်ဆင်ခြင်… 😛

        • Wow

          April 23, 2012 at 10:34 am

          ဟင်းနော် အပြောအဆို အနေအထိုင်ဆင်ခြင်… 😛

  • ကြောင်ကြီး

    April 22, 2012 at 8:10 pm

    လိုအပ်ချက်က အချစ်၊ လိုဂျင်ဒါက ဟိုဒင်း.. အစကတော့ တူသလိုပဲ.. နည်းနည်းကြာလာတော့ တူဒေါ့ဝူး..။ ဝါရင့်လာလေ ပညာပိုရှိလာလေ..။

  • မဟာရာဇာ အံစာတုံး

    April 22, 2012 at 8:34 pm

    Needs နဲ့ Wants …
    Wants နဲ့ Needs …
    ပလို့ဂျိ … ဟီဟိ .. 😀
    ကာရန်ကိုက်လို့ တွယ်လိုက်တာ …
    လိုအပ်တာနဲ့ လိုချင်တာကို မဲခွဲလိုက်ရင် လိုချင်တာက ၉ဝ ရာခိုင်နှုန်းလောက်ကို အလေးသာမလားပဲ ..
    အလေးသာတဲ့ဘက် “လျှာ” ထွက်မှာပဲ …
    ဒါဟာ ဓမ္မတာပဲလေ …
    ဒါနဲ့ စကားမစပ်တစပ် ဂျီးဒေါ်ဦးလေးဝိုးဝေါင်းရေ …
    အနော်လည်း တိုတိုဗိုက်လို ကေသီပန်သောက်ဖို့ မစဉ်းစားမိသေးပါဂျောင်း ………

  • နေဝန်းနီ

    April 22, 2012 at 9:11 pm

    အသည်းလေး … ခွဲမယ်ဆိုရင်.. ဓါးပါပါစေ…။ လူတိုင်းလူတိုင်းကို ထုံဆေးတော့ပေးပါ…. xxxxxx

    • Wow

      April 23, 2012 at 10:42 am

      အစိမ်းချုပ်မှ အနာအကျက်မြန်တာ အဘနီရဲ့
      🙂

  • htoosan

    April 22, 2012 at 9:13 pm

    ဟင် ….. ပြဿနာ ဘဲ .. ကေသီပန် က ကျွန်တော့်လက်စွဲ ဗျ……
    အထူးသဖြင့် ခရီးသွားရင် ဆောင် သွားလေ့ ရှိတယ် ..
    ကိုက်ခဲလို့တော့ ဟုတ်ဘူး .. ဝမ်းပိတ်လို့ .. 😀
    ကေသီပန် ဝမ်းနုတ်ဆေး ရှိတယ်လေ .. ဗိုက်မနာဘူး .. ဝမ်းလဲသွားတယ် …… :mrgreen:

  • htet way

    April 22, 2012 at 9:13 pm

    ကေသီပန်
    ယောက်ကျားလေးသောက်လို့ အန္တရာယ်တော့ မဖြစ်ဘူး ရယ်စရာတော့ဖြစ်တယ်
    အပူဆေးလေ။ အမျိုးသမီးတွေ အတွက်ဖေါ်စပ်ထားတာပါ။
    သောက်ဆိုရင် အမျိုးသားသောက်လို့ ပြဿနာမရှိနိုင်ဘူး။
    အသည်းခွဲမယ်ဆိုရင်တော့ ကိုယ်လူတို့ပြဿနာ အကြီးကြီးရှိလိမ့်မယ် ကျုုပ်ဆို
    မစဉ်းစားရဲဘူး။

  • Wow

    April 23, 2012 at 10:55 am

    အံချာတုံး၊ ကိုထူးဆန်းနဲ့ ကိုထက်ဝေးရေ
    ဘစ်ဇနက်အကြောင်းရေးတာ ဒီကေသီပန်ကိုပဲ လာအာရုံစိုက်နေကြတယ်…ဟင့် 😛

    အပေါ်က “ဟင်းနော် အပြောအဆို အနေအထိုင်ဆင်ခြင်” ဆိုတဲ့ ကောမန့် နှစ်ခုဆက်က အပေါ်တစ်ခုက ဂျစ်ပစီကို ပြောဒါ..
    အောက်တစ်ခုက ဥကြောင်ကို ပြောဒါ….
    ဒါဗြဲ… 😀

  • ဗိုက်ကလေး

    April 23, 2012 at 11:01 am

    ကျုပ်ဘရီးလဲ ခင်ဗျားတို ့ရွာရောက်မှ မကြီးမငယ် ငယ်မူတွေပြန်ပြီး လူဗျက်လိုလို..လူခြောက်လိုလိုဖြစ်တော့တယ်ဗျာ.

  • Moe Z

    April 23, 2012 at 11:40 am

    မမ wow ရဲ့ ဘစ်ဇနစ်ကိုသိလိုက်ရတော့
    ဪ အမျိုးတွေများလားလို့ :mrgreen:

  • Wow

    April 23, 2012 at 11:50 am

    ဒါချို မိုးဇက်လဲ အသဲခွဲတယ်ပေါ့… 😛
    ဘာနဲ့ခွဲလဲဟင်င်င်

    • ဗိုက်ကလေး

      April 23, 2012 at 11:57 am

      နဂါးနိုင်ဒေါက်ဖိနပ်နဲ ့ခွဲသတဲ့ဗျား

    • Moe Z

      April 25, 2012 at 10:08 am

      နားဝင်ချိုမယ့် စကားလုံးတွေရွေးပြီး
      ဖြေးဖြေးချင်းပေါ့ 😆

  • Wow

    April 23, 2012 at 12:47 pm

    အဲဒါဆို ဖယ်နေ ဖယ်နေ ကဗိုက်ရေ တော်ကြာ ပုလင်းလေးပါကွဲသွားဦးမယ်… 😛

  • marblecommet

    April 25, 2012 at 12:16 am

    ကျုပ်လည်း ကျုပ်ချိန်ပစ်ချင်နေတဲ့
    ဘစ်ဇနစ်ကလေးကို….
    ဒေါ်ဝူး ရဲ့ မတ်သတ်နဲ့ ချိန်ပစ်ရင်ကောင်းမလားလို့
    အတွေးရောက်မိတယ်….
    ကေသီပန်တော့ ဗိုက်ကလေးတို့ ပြောသွားသလို..
    သိပ်စိတ်မဝင်စားပေါင်…..
    ဆရာမောင်ဆေးနီမှုန့်ဆိုရင်တော့ စိတ်ဝင်စားတယ်
    ကိုယ်လက်မအီမသာဖြစ်လို့
    ဖျားချင်နာချင်လို့ကတော့
    ဘီအီးစစ်စစ်တစ်ခွက်နဲ့ ဆြာမောင်တစ်ထုပ်ဆို
    အဲဒီအဖျားက ဘယ်နားက ထွက်လိုထွက်သွားမှန်းတောင်မသိဘူး
    ဟီးဟီး…

    • Wow

      April 25, 2012 at 9:53 am

      ပက်ပက်စက်စက် ကိုယ့်မကောင်းကြောင်းပြောတာတွေကို ဒူးနဲ့မျက်ရည်သုတ်ပြီးနားထောင်နိုင်ဘီဆိုရင်…. ဒီမတ်သတ်သုံးလို့ရပြီ… ပြီးရင် ဆြာမောင်မလိုဘူး အဖျားပါပျောက်သွားမယ် 😛

  • Inz@ghi

    April 25, 2012 at 12:41 am

    အသည်းခွဲ တယ်ဆိုဗျဲ …
    ထိပ်ဆုံးမှာလည်း နာမည်ဂျီး တွေ့လိုက်တော့ …လန့်ထှာအေ. ..

    ဟဲဟဲ …ကျုပ်လည်း အဲ့လိုအလုပ်မျိုး လုပ်ရတယ်….
    the dark side of marketing လို့ပြောရမလားပဲ ….

    New Product Development (NPD) တို့ဘာတို့ လုပ်ရင်..
    ထိပ်ဆုံး စကာတိုက်ရတယ်ဗျ… အဲ့သည့်မှာ …ဟီဟိ…
    ခင်လို့ လက်တို့ရရင်တော့…
    rivalry analysis လောက်လုပ်ရင်ကို …တဝက်လောက် သေပါတယ်ဗျာ..

    ခိခိ
    တော်သေးဘီ…

    • Wow

      April 25, 2012 at 10:04 am

      ဟီ…ဟိ.. Wowတို့ အပြောအဆိုတတ်ပုံက ကေသီပန်စကားဝိုင်းဖြစ်နေတာ… တော်သေးတယ် နင်လာလို့…

  • marblecommet

    April 25, 2012 at 2:20 am

    လူဇိုးကြီး
    သများနားလည်အောင်ပြောနော်
    ခီးမြား ဘရာစီယာကျုပ်ဆီမှာ
    ဘာမှတ်နေလဲ
    ဟွန်း….
    (ဟီဟီ ကျွဲကော်ကိုင်းပြောတာပါ အထင်မမှားကြပါနဲ့
    အရပ်ကတို့……)

  • nozomi

    April 25, 2012 at 9:31 am

    wow တစ်ပုဒ်ထက် တစ်ပုဒ် ပိုစိတ်ဝင်စားဘို့ကောင်းလာပြီ
    တစ်ခါလောက်တော့ လူချင်ဆုံပြီး အသဲခွဲခံကြည့်ချင်ရဲ့
    ဒီ အချိန်ထိ ကိုယ်ဘာကောင်လဲ ဘယ်လိုအချက်မှာ ကိုယ်အားနည်းနေလဲ ဘာတွေတော့ ထပ်ဖြည့်ဘို့လိုနေလဲ သိဘို့တွေ သိချင်တာတွေက အများကြီး ရယ်

    အဆင်ပြေရင် တစ်ခါလောက် ခွဲပြပါလား D)

    • ဗိုက်ကလေး

      April 25, 2012 at 9:59 am

      အူး..အူး..လေးပြောတော့..ကေ.ကေ…တီဗွီက ကန်မလေးခွဲ..ခွဲ….သွားလို ့….ကွဲစရာအသဲ ရှိတော့ဘူးဆိုဗျ..
      အူး…အူး..လေးက မူးရင်တစ်မျိုး..အမူး..ပြေ.ပြေသွားတော့ တစ်မျိုးပါလားဗျာ..

      • Wow

        April 25, 2012 at 10:28 am

        ဒါချို ကိုရင်nozomi အတဲက တောက်တောက်စင်းပီးသားပေါ့နော်.. ကာလာအိုကေက ကန်မလေးဒွေကြောင့်…

  • blackchaw

    April 25, 2012 at 9:34 am

    အော် ဒီအရွယ်ကြီးကျမှ
    အသည်းခွဲခံချင်တဲ့လူကရှိသေးတယ်။
    လိုက်ခဲ့ဗျာ
    ကာရာအိုကေ ကို။
    😛

  • amatmin

    April 25, 2012 at 10:50 am

    ကျနော့ ကိုယ်ထဲ မတော့ ခွဲမယ်ဆို ကွဲ စရာတွေက အများသားရယ်..
    ဒါတောင် တကယ်ကြီးအသဲကွဲတာတွေ ပါသေးဘူး နော် 🙂
    ပြီးတော့ ကွဲပြီးရင် မြန်မြန်သက်သာအောင် လုပ်နည်းလေးတွေလဲ မျှမှပေါ့ ဗျ..

  • Wow

    April 25, 2012 at 11:26 am

    လေသံကတော့သိသလိုပဲနော် အမတ်မင်း…
    လွတ်တော်တက်ရင်းတွေ့ဂျတာလားမသိဘူး 😀

    • amatmin

      April 25, 2012 at 11:57 am

      တကယ်ပြောတာပါ ဗျ..
      ကျုုပ် တို့ကို ခွဲဖို့ လိုတာတွေတော့ ပြောပြီး ..
      ဘာတွေခွဲရမလဲ .ကွဲပြီးရင် ဘာဆက်လုပ်ရမလဲ တို့ကိုလည်း..မျှမှပေါ့ လို့..
      လုပ်ပါဗျာ ..ဆက်ပြောပါ..နားထောင်ချင်ပါတယ်..
      အရှေ့တိုင်းသားစိတ်လျော့မလား လို့ ပြောတာဟုတ်ဘူးနော်..အတည်ကြီးရယ်.. 🙂 🙂

  • Wow

    April 25, 2012 at 12:04 pm

    ဂိုဏ်းတူမောင်နှမတွေ အချွန်နဲ့”မ”တာဖြစ်နေမှာစိုးလို့…
    ဟီးဟီး… ဆက်သိချင်ရင်တော့ မကြာမီ…လာမြီ…မျှော့…

  • Wow

    April 25, 2012 at 12:07 pm

    ကိုနာဂ က အတဲကွဲ မခံနိုင်ဘူးပေါ့လေ… 😛

  • Ma Ei

    April 25, 2012 at 1:11 pm

    Wow ရေ…
    Wants နဲ့ Needs ကတော့ အမတို့
    အရင် GM ပြောခဲ့တာ အမှတ်တရပါဘဲ…
    မင်းတို့ဝယ်ထားတဲ့ ပစ္စည်းတွေထဲမှာတဲ့
    လိုအပ်လို့ ဝယ်တဲ့ ပစ္စည်းထက်
    လိုချင်လို့ ဝယ်တာတွေကပိုများမယ်…
    လိုအပ်လို့ ဝယ်တာက အသုံး
    လိုချင်လို့ ဝယ်တာကအဖြုန်းတဲ့…
    ငွေကို လိုအပ်တဲ့နေရာမှာ သုံးပါ မဖြုန်းမိစေနဲ့တဲ့လေ…
    ဒါပေမဲ့…လိုအပ်တာအပြင်…လိုချင်တာလေးတွေလဲ ဝယ်မိနေတုံးပါဘဲ…
    နောက်တစ်ခု Analysis ကိစ္စမှာ အသဲကွဲမခံနိုင်ကြတာ အသေချာဘဲ…
    အမတို့ 1 to 10 ဆိုပါစို့…
    ဘယ်လိုမြင်လဲ ထင်မြင်ချက် ပေးကြရအောင်ဆိုပြီးစလိုက်တာ…
    ပြောမိပြီးကာမှ မေးခွန်းမာမာတွေ ထပ်ဝင်လာလို့
    ကုလားကြီးလို့ဆိုလိုတာ မဟုတ်ကြောင်း အရာကြီးလို့ပြောတာဖြစ်ပါကြောင်း
    ပျားရည်လောင်းခဲ့ရပါကြောင်း…နောက် နောက် တွေမှာလဲ… …ဖြစ်ပါကြောင်း… ….

    • Wow

      April 25, 2012 at 1:33 pm

      ဟုတ်တယ်..မအိရေ… အဓိကက အဲ့လာပဲ…
      အသဲကွဲမခံနိုင်တာ။ အဲဒီတော့ ပထမဆုံး Focus group meeting မှာ no excuse လုပ်ပြီး၊ ပြောသမျအကုန် Note လုပ်ထားတာ အကောင်းဆုံးဖြစ်ပါဂျောင်း…

Leave a Reply