ကျနော်တို့ရွာမှာ ၉ ခုစီရှိတဲ့ အရာတွေရှိပါတယ်။ အဲဒါတွေကတော့ တောင်ကိုးလုံး၊ စမ်းကိုးတွင်း၊ မန်ကျည်းကိုးပင် တွေပဲ ဖြစ်ပါတယ်။ တောင်ကိုးလုံးထဲမှာ အမြင့်ဆုံးဖြစ်တဲ့ တောင်ကတော့ ကျောက်ပုထိုး တောင်ပဲ ဖြစ်ပါတယ်။ ကျောက်ပုထိုးတောင်နဲ့ ပတ်သက်ပြီး ပါးစပ်ရာဇဝင်တွေကတော့ မြောက်မြားစွာပါပဲ။အပြောအများဆုံးကတော့ အဲဒီ ကျောက်ပုထိုးတောင်မှာ ဥစ္စာစောင့်တွေ ရှိတဲ့အကြောင်းပဲ ဖြစ်ပါတယ်။       ဥစ္စာစောင့်တွေနဲ့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့၊ ကြုံခဲ့ရတယ် ဆိုတဲ့ လူတွေရဲ့ အကြောင်း၊ ဥစ္စာစောင့်တွေက နေရာ လဲဖို့ဆိုပြီး ခေါ်တယ်ဆိုတဲ့ လူတွေရဲ့ အကြောင်း စသည်ဖြင့် အများကြီးပါပဲ။ ကျောက်ပုထိုး တောင်ပေါ်ကို တက်ရင် မပြုလုပ်ရမယ့် စည်းကမ်းချက်တွေ ရှိပါတယ်။ အဲဒါတွေကတော့ တံတွေး မထွေးရ၊ မဆဲမဆိုရ၊ အညစ်အကြေး မစွန့်ရ […]