black chawOctober 24, 20111min63827
ဘလက်ဆရာ ကျွန်ုပ်ကား ဂဇက်မဟာဘုတ်တွင် ဓါတ်ပုံလေးရိုက်လိုက်၊ ဟိုအကြောင်းဒီအကြောင်းလေးများ ရေးလိုက်ဖြင့် ကျေနပ်နေသော အခါသမယတည်း။ မှန်ရာကို သစ္စာ ဆိုပါမည်၊ ဘလက်ဆိုတာ အိုင်ကျူနိမ့်ပါသည် ဟု လွှမ်းမိုးသီချင်းကို ဖျက်ဆိုရလောက်အောင် ဘလက်ကား စဉ်းစားတွေးခေါ်နိုင်စွမ်း နိမ့်သူဖြစ်ပါသည်။ သာမန် ကိစ္စလေးများ ကိုပင် ဘလက် ဉာဏ်မီစွာ မစဉ်းစားတတ်ပါ။ ဘလက် နားမလည်သည်များကို ဂဇက်တွင် ရေး၍ မေးမြန်း ချင်ပါသည်။ အိုင်ကျူ မြင့်သူ ရွာသူရွာသားများ ဖြေပေးကြပါကုန်။ မကြာသေးမီ နှစ်များဆီက ဘလက်တို့၏ နိုင်ငံတော် အကြီးအကဲသည် တစ်ကမ္ဘာလုံး လိုအပ်လျှက်ရှိသော လောင်စာဆီပြသနာကို ဖြေရှင်းရန် အလို့ငှာ နည်းလမ်းတစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့သော ဟူ၏။ ၎င်းကား ဇီဝ အစားထိုး လောင်စာဆီဖြစ်သည့် ကြက်ဆူဆီ ပင် ဖြစ်ပါ၏။ […]