လောကမှာ အရေးကြီးဆုံးက ‘ငွေ’ ပဲ ဗျို့ … ။ ခင်ဗျားတို့ကတော့ ပြောကြပါလိမ့်မယ် ‘ငွေထက် အရေးကြီးတာတွေ အများကြီး ရှိသေးတယ်’ လို့ ။ ဒါဖြင့် အသပြာမပါ အိတ်ကပ် ဗလာနဲ့ ကျုပ်တို့ သာဝတ္ထိမြို့တွင်းက ထမင်းဆိုင် ကောင်းကောင်းထဲ ဝင်ပြီး စားတော်တည်လို့ ရနိုင်ပါ့မလား ခင်ဗျာတို့ ။ ပွဲတော်ရက်တို့၊ အလှူအတန်း မင်္ဂလာဆောင်တို့၊ နေ့ကြီး အခါကြီးဆိုတဲ့ ရက်ကြီးတွေမှာ သွားဖို့လာဖို့၊ ပျော်ဖို့ပါးဖို့ ဆိုတာ …. ။ ဒါလည်း ‘ငွေ’ ရှိမှ ပြီးပြည့်စုံနိုင်လိမ့်မနော် ။ အိုးကြီး၊ အိမ်ကြီးနဲ့ ကောင်းကောင်း စံမြန်းဖို့ဆိုတာလည်း အသပြာရွှင်မှ နေချင်တဲ့အတိုင်း ဖြစ်လာပါလိမ့်မယ်။ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ဗျာ။ ဪ …… […]