တလောလေးကပဲ မြစ်ဆုံကိစ္စ ဆက်လုပ်ဆောင်ဖို့ 2011 ကုန်ခါနီးမှာ အစည်းအဝေး လုပ်သွားသလိုလို အင်တာနက်မှာ ဖတ်လိုက်ရပါတယ်..မသေချာတဲ့ဟာလို့ ထင်တဲ့အတွက် ပို့စ်မတင်ဖြစ်ခဲ့ပါဘူး ဧရာဝတီမြစ်ဆုံအရေး သမ္မတကြီးက ရပ်ဆိုင်းထားမယ်ဆိုတော့ ဆရာ ဟာဂျူလီ(ကသာ) က ဒီလို ကာတွန်းလေးဆွဲထားခဲ့ဖူးတယ် နောက်တစ်ကြိမ် ဗိုလ်လုပွဲ ရှိလာအုံးမယ်ဆိုတာ ကြိုပြောထားတယ်။ သူတို့ဘက်က အားလုံး ပုံစံမပျက်ရှိနေတယ်ထင်တယ်နော်။ ခဏရပ်ပြီး နောက်ပွဲ စောင့်နေတဲ့သဘော။ ကျွန်တော်တို့လည်း ကြိုပြင်ထားရပါအုံးမယ်။ ဟော.. ကြည့်၊ တွေ့နေရပါပြီဗျာ.. ဒီမိုဝေယံဝိုင်းတော်သားတွေ ညောင်မြစ်တူးထားတယ်၊ မျက်ခြေပြတ်ကျန်ခဲ့လို့မဖြစ်ပါဘူး။ Demo Wai Yan ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြစ်ဆုံဆည်.. တန်ဖဲကျေးရွာကို ပြန်လည် ပြောင်းရွှေ့ ရောက်ရှိလာတဲ့ တန်ဖဲရွာသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြန်ပို့တယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်..။ အရင်းစစ်တော့ အမြစ်မြေကြီးမှာ ဆိုသလို […]