“ကိုပေါက်လမ်းသလားနေသည် အပိုင်း၂၃ (ဘီလူးချောင်းရင်ခွင်မှအပြန်……………….) မနက်အိပ်ယထတော့ မိုးကတော့မတိတ်သေးပါဘူး။ တစ်ဖျောက်ဖျောက်နဲ့ကျနေတုံးပါဘဲ။ မျက်နှာသစ်အဝတ်အစားလဲပြီး တည်းခိုးခန်းရှေ့ထွက်ထို်င်တော့ငါးနာရီကျော်ကျော်။ သိပ်မကြာပါဘူး ကားတစ်စီးထိုးဆိုက်လာပြီး အောင်ပန်းလိုက်မယ့်သူလားလို့မေးပါတယ်။ အသေအချာကြည့်တော့မှ အလာတုန်းက ကျနော်စီးလာတဲ့ကားဖြစ်နေပါတယ်။ ကားပေါ်လဲရောက်ရော စပယ်ယာလေးက ကျနော်ကိုမှတ်မိနေတော့ “လေးလေးကချက်ခြင်းပြန်တာလား”နုတ်ဆက်ပါတယ်။ ဒါနဲ့ ကားဂိတ်ရောက်တော့ ကားထိုင်ခုံနေရာကို ကြည့်ရင်း ဓါတ်ပုံရိုက်ချင်လို့ ကားမောင်းသူရဲ့နောက်က နေရာကိုလဲပေးပါဆိုတော့ လွတ်နေတဲ့နေရာတစ်နေရာကို လဲပေးပါတယ်။ ကားမောင်းတဲ့သူနောက်ကလိုက်မှ အပြန်လမ်းမှာ မိုးဗြဲရေကာတာကြီးကိုရိုက်လို့ရမှာဖြစ်ပါတယ်။ ကားဂိတ်ရောက်တော့ မိုးတိတ်သွားပါတယ်။ ကားမထွက်သေးဘူးဆိုတာနဲ့အနားကဆိုင်မှာ ထမင်းတစ်ပွဲမှာလက်ဖက်ရည်သောက်။ ခြောက်နာရီထိုးတာနဲ့ကားထွက်ပါတယ်။ အလာတုံးက ကားလူမပြည့်ပေမယ့် အခုအပြန်မှာတော့ လူအပြည့်ကားအပြည့်။ ကားပေါ်ရောက်တာနဲ့မိုးက အရမ်းကြီးမသဲပေမယ့် တဖွဲဖွဲကျနေတော့ ဓါတ်ပုံရိုက်လို့အဆင်မပြေပါဘူး။ ရိုက်ပြီးပြန်ကြည့်လိုက်တော့ မူံဝါးဝါးနဲ့ စိတ်တိုင်းမကျပါဘူး။ ကားလေးကတော့ မိုးအေးအေးမှာ မှန်မှန်လေးမောင်းလာရင်းနဲ့ ခြောက်နာရီကျော်ကျော်လောက်မှာတော့ မိုးကတိ်တ်သွားပါတယ်။ မိုးလေးအတိတ်မှာ ကံကောင်းထောက်မစွာနဲ့စပါးခင်းအလယ်မှာ အထီးကျန်ဖြစ်နေတဲ့သစ်ခြောက်ပင်ကို သိမ်းထားနိုင်လိုက်ပါတယ်။ […]