စိုးရက်ပ် လေးနှစ်သားအထိ စန်နိုဘားနေသွားတယ်။ တစ်မနက်မှာ စန်နိုဘား အိပ်ပျော်ရင်းမနိုးတော့ဘူး။ သေသွားပုံ သိပ်ငြိမ်းချမ်းတယ်။ သေတာကို မမှုတော့တဲ့ပုံမျိုး။ တောင်ကုန်းလေးပေါ်က သချႋုင်းမှာပဲ စန်နိုဘားကို မြှုပ်လိုက် ကြတယ်။ တလည်းပင်ကြီးအောက်မှာပေါ့။ အမေသေတော့ ဟက်ဆန်တော်တော် ခံစားရတယ်။ စိုးရက်ပ်က သာဆိုးသေး။ တစ်အိမ်လုံးပတ်ပြီး သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။ ……………………_________________________________________ တစ်အိမ်လုံးပတ်ပြီး သူ့အဖွားကိုရှာနေတာ။ ဒါပေမယ့် ကလေးဆိုတော့ ကလေးပီပီ မေ့လွယ်ပျောက်လွယ်ပေါ့ကွယ်။ အဲဒါ ၁၉၉၅ ခုပေါ့။ ရှိုရာဝီတွေ စစ်ရှုံးပြီးပြေးတာကြာပြီ။ ကဘူးကို မာဆွတ်ရယ်၊ ရာဘန်နီရယ်၊ မူဂျာဟစ်ဒင်တွေရယ် အပိုင်စီးထားတယ်။ အဲဒီ အင်အားစုတွေ ခွက်စောင်းခုတ်ကြတာ သိပ်ကြောက်စရာကောင်းတယ်။ ပြီးပါဦးမလား ဆိုတာတောင် ဘယ်သူမှမသိကြတော့ဘူး။ ဗုံးကြဲသံတွေ သေနတ်သံတွေဆိုတာ ကာကာတို့နားယဉ်နေပြီ။ အပျက်အစီးပုံထဲက […]