Ma MaSeptember 29, 20131min47833
ဦးကြီးမိုက်ရဲ့ ကြိမ်စင်္ကြာကြောင့် အသီးသီး အသက အသက ပေါ်လာပြီးသကာလ…. ကိုယ်တိုင်လည်း ဘယ်လိုဝင်အားဖြည့်ရမယ် စဉ်းစားတော့ ……….. အစားသမားတို့ထုံးစံအတိုင်း စားစရာပဲ ပေါ်လာတယ်။   ကွေတာလန် (သို့) ကျောက်စိမ်းမုန့် (သို့) အဖြူတပိုင်းအစိမ်းတပိုင်းလို့ အလွယ်ခေါ်တဲ့ ဆန်မုန့်ပေါင်းကို အပျင်းနည်းနဲ့ လုပ်ထားတာလေး အားပေးကြပါအုံး။   ပါဝင်ပစ္စည်းများ ဆန်မှုန့်  ၁ဝ ကျပ်သား သကြား ရ ၁/၂ ကျပ်သား အုန်းနို့ ၁၀ဝ မီလီလီတာခန့် ဆွမ်းမွှေးရွက် ၃ပင် ဆားအနည်းငယ်   ဆန်မှုန့်ကို ရေနွေးနွေးနဲ့ နယ်ပြီး ခဏနှပ်ထားပါ။ (အမှန်ဆိုရင် ဆန်ုမှုန့်ကို ရေနဲ့နယ်ပြီး ရလာတဲ့ ဆန်မှုန့်လုံးရဲ့  ၁ဝပုံ ၁ပုံလောက်ကို လုံးပြီး ရေနွေးဆူဆူမှာ ခဏထည့်ပြုတ်၊ အပေါ်ယံကျက်ရင် […]