fattyJune 15, 20111min70635
ကျနော်အထက်တန်းကျောင်းတုန်းက တက်ခဲ့ရတဲ့ကျောင်းကြီးဟာ အင်မတန်ကျယ်ဝန်းပါတယ်။ ဧက ၃ဝ လောက်ရှိထင်ပါရဲ့ …။ ကျောင်းသားဘဝတလျှောက်မှာ တက္ကသိုလ်က ဆရာတွေနဲ့သိပ်မရင်းနှီးခဲ့ပါဘူး။ အထက်တန်းကျောင်းဆရာတွေကိုသာ ပိုလို့သံယောဇဉ် ဖြစ်ခဲ့ရတယ်။ တကယ်တော့ ၉တန်း၁ဝတန်းအရွယ်ဆိုတာ … ဆပ်စလူးထတဲ့အရွယ် .. စိတ်ကစားတတ်တဲ့အရွယ် … ဖလန်းဖလန်းထတယ်ဆိုလားဘဲ .. အဲ .. အဲဒီလိုဖြစ်တဲ့အရွယ်လေ။ ရွပိုးထိုးတဲ့အရွယ် လို့သာပြောကြပါစို့ ….။ အဲဒါကြောင့်လားမသိဘူး အထက်တန်းကျောင်းသားဘဝက သိပ်ပျော်တာဘဲ ..။ ကောင်မလေးတွေကြိုက်တယ် ရီးစားစာပေးတယ် အတိုင်ခံရတယ် ကျောင်းအုပ်ကြီးကခေါ်တယ် ကြိမ်လုံးနဲ့ဆော်တယ် ..။ ဆရာမငယ်ငယ်လေးတွေ မျက်နှာတင်းတင်းလေးတွေနဲ့လဲကြုံရတယ်။ ဆရာမကြီးကြီး အပေါက်ဆိုးတာတွေလဲတွေ့တယ် ..။ ပြီးတော့ အထက်တန်းစည်းကမ်းနဲ့ဆိုတော့ .. ကျောင်းသားတွေကိုမရောဘူး ဒါတောင်ဆရာမ ငယ်ငယ်ချောချောကို စာပေးတဲ့ကောင်ကရှိသေးတယ် … ထားပါလေ အဲဒီအကြောင်းတွေပြောနေရင် ပြိးမှာမဟုတ်ဘူး … […]


fattyDecember 24, 20101min1130
ကျနော် တောင်ကြီးကောလိပ်က ပထမနှစ်ပြီးလို့ ရန်ကုန်တက္ကသိုလ်ပြောင်းလာတော့ အဆောင်ချက်ခြင်းမရလို့ အပြင်ဆောင်မှာနေရပါသေးတယ်။ ကျနော်နေတာက စွပ်ကျယ်စက်လမ်းထဲက အမေငြိမ်း ဆောင်မှာပါ။ ဆရာသော်တာဆွေအိမ်နဲ့ ကာတွန်းဆရာကြီး ဦးဖေသိန်း အိမ်ကြားမှာပေါ့။ ၆ မိုင်စွပ်ကျယ်စက်လမ်းထဲမှာ မိန်းကလေးဆောင်တွေ ယောကျာင်္းလေးဆောင်တွေ တရပ်ကွက်လုံးလိုလိုမို့ စီစီကားကားရှိတာပေါ့ဗျာ …။ ညနေဘက်ဆိုရင် လမ်းထိပ်ထွက်လိုက်ရင် အင်းယားကန်ရောက်ပြီလေ …။ ညနေဘက်လမ်းလျှောက်ရင်းအတွဲမရှိသေးတဲ့သူတွေကလည်း သူများအတွဲတွေ အားကျ၊ အတွဲရှိပြီးသားသူတွေကလဲ ကိုယ့်အတွဲနဲ့ကို ကန်ဘောင်ဘေးထိုင်ကြတာပေါ့ …။ ကန်ဘောင်ဒေါင့်က အကြော်ဆိုင်တွေမှာလဲပြည့်လို့ပေါ့ ..။ ကျနော်တို့တော့ ဘူးသီးကြော်ဆိုင် ထိုင်ကိုမထိုင်နိုင်ပါဘူး အမြဲဘိုင်ကျနေတဲ့ကောင်တွေထဲမှာ ကျနော်တို့လဲ အပါအဝင်ပေါ့ဗျာ …။ အပြင်ဆောင်မှာအဲတုန်းကနေကြသူတွေထဲမှာ ဆေးကျောင်းသား ကိုမြင့်မောင် ( ယခု ခွဲစိတ်အထူးကု ရန်ကုန်ဆေးရုံကြီး )၊ နောက် ကိုငွေလေး .. သူကတော့ မြန်မာ့အသံက […]