ကျောင်းသားဘဝ … အမှတ်တရ

fattyDecember 24, 20101min1140

ကျနော် တောင်ကြီးကောလိပ်က ပထမနှစ်ပြီးလို့ ရန်ကုန်တက္ကသိုလ်ပြောင်းလာတော့ အဆောင်ချက်ခြင်းမရလို့ အပြင်ဆောင်မှာနေရပါသေးတယ်။ ကျနော်နေတာက
စွပ်ကျယ်စက်လမ်းထဲက အမေငြိမ်း ဆောင်မှာပါ။ ဆရာသော်တာဆွေအိမ်နဲ့ ကာတွန်းဆရာကြီး ဦးဖေသိန်း အိမ်ကြားမှာပေါ့။ ၆ မိုင်စွပ်ကျယ်စက်လမ်းထဲမှာ
မိန်းကလေးဆောင်တွေ ယောကျာင်္းလေးဆောင်တွေ တရပ်ကွက်လုံးလိုလိုမို့ စီစီကားကားရှိတာပေါ့ဗျာ …။
ညနေဘက်ဆိုရင် လမ်းထိပ်ထွက်လိုက်ရင် အင်းယားကန်ရောက်ပြီလေ …။ ညနေဘက်လမ်းလျှောက်ရင်းအတွဲမရှိသေးတဲ့သူတွေကလည်း သူများအတွဲတွေ
အားကျ၊ အတွဲရှိပြီးသားသူတွေကလဲ ကိုယ့်အတွဲနဲ့ကို ကန်ဘောင်ဘေးထိုင်ကြတာပေါ့ …။ ကန်ဘောင်ဒေါင့်က အကြော်ဆိုင်တွေမှာလဲပြည့်လို့ပေါ့ ..။
ကျနော်တို့တော့ ဘူးသီးကြော်ဆိုင် ထိုင်ကိုမထိုင်နိုင်ပါဘူး အမြဲဘိုင်ကျနေတဲ့ကောင်တွေထဲမှာ ကျနော်တို့လဲ အပါအဝင်ပေါ့ဗျာ …။
အပြင်ဆောင်မှာအဲတုန်းကနေကြသူတွေထဲမှာ ဆေးကျောင်းသား ကိုမြင့်မောင် ( ယခု ခွဲစိတ်အထူးကု ရန်ကုန်ဆေးရုံကြီး )၊ နောက် ကိုငွေလေး .. သူကတော့
မြန်မာ့အသံက အင်ဂင်နီယာ ..။ နောက်တော့အဆိုတော် မေယုမော်နဲ့ရသွားတယ်။
အပြင်ဆောင်မှာနေကြရတော့လည်း အတော်ပျော်စရာကောင်းသဗျာ …။ တယောက်နဲ့တယောက်က တကဲ့ညီရင်းအကိုတွေလိုဘဲလေ ..။ အဲဒီကိုငွေလေးက
ဟင်္သတသား …။ ရိုးလိုက်တာလဲမပြောနဲ့ လက်ဘက်ရည်ဆိုင်မထိုင်တတ်ဘူး ..။ ဆေးလိပ်မသောက်တတ်ဘူး ..။ အရက်ဆိုဝေလာဝေး .. ဘာရောင်လဲလို့တောင်
မေးယူရတဲ့သူ ..။ ကျနော့အမေ တခါက အဆောင်လာလည်တော့ .. ” မင်း မောင်ငွေလေးကို အတုယူနော်သား ..တဲ့ “အဲလိုကိုစံနမူနာထားခံရတဲ့သူလေ ..။
အဲ သို့သော်ကျနော်ရောက်ပြီးတလလောက်ကြာတော့ အမေပြောတာ ဗြောင်းပြန်ဖြစ်သွားတယ်ဗျ …။ ကျနော်ကသူ့အတုမယူရသေးခင် သူက ကျနော့
အတုတွေ အကုန်ယူသွားပါလေရောလား …။ ဖဲရိုက်တတ်လာတယ် ၂ ရက်မသင်လိုက်ရဘူး ..။ အရ