Paing LayJanuary 16, 20141min36417
ကျွန်တော် ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အ.ထ.က ၂ ကျောင်းကို ဆရာမဆီ လည်လည်သွားရင် ကျွန်တော့်ညီ ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေမည်ဟု သိရသဖြင့် သွားဖြစ်ခဲ့ပါသည်။   ဖျော်ဖြေမည့် တစ်ခန်းရပ် ပြဇာတ်နာမည်ကား ဆရာကြီး “မင်းသုဝဏ်” ၏ “ဘကြီးအောင် ညာတယ်” စကားပြေကို တင်ဆင်ကပြမည်ဖြစ်သည်။ နောက်ခံပန်းချီကားမရှိ၊ နောက်ခံတီးလုံးမရှိ၊ ဆလိုက်မီး မရှိ။ ရှိတဲ့ ပစ္စည်းများ ဖြင့် ထိထိရောက်ရောက်တင်ဆက်သွားပုံမှာ နှစ်ထောင်းအားရဖွယ်ဖြစ်သည်။   စူး၊ဆောက်၊တူ များကိုကိုင်ပြီး ပါးစပ်တွင် ဆေးတံခဲထားသော လူကြီးတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ပန်းပုရုပ်တစ်ခုကို ထုဆစ်နေသည်။ သူ့အမည်က “ဦးအောင်ချာ(ခ) ဘကြီးအောင်”။ ထိုအချိန်တွင် လွယ်အိတ်လွယ်လျက်ဝင်လာသော လူငယ်လေးတစ်ယောက်။ သူက အဓိကသရုပ်ဆောင် “မောင်ဖိုးချစ်”။ အပြန်အလှန်စကားပြောကြသည်။ “ဘကြီးအောင် မင်္ဂလာပါဗျ။” “မင်္ဂလာပါမြေး၊ […]