တနေ့သနှိုက် ကျွန်ုပ် ကြောင်လေးသည် ကိုဖြူပြာ ရှေ့တွင် မအိန္ဒြာနန့် နှင့်စကားလက်ဆုံ ကြနေစဉ် သားတော်မောင် ဘေဘီကြောင်လေးရောက်လာပြီး “ဖေကြီး သားစာပြန်မလို့ သားကိုစာလိုက်ကြည့်ပေး ” ဆိုပြီး သူ့ရဲ့ဖတ်စာအုပ်ကိုထိုးပေးလာပါတယ်။ ကြောင်လေးလဲစိတ်မပါတစ်ပါနှင့်စာအုပ်ယူလိုက်ပြီး “ကဲ ဆို ဆို သားလေး” လို့ပြောလိုက်တယ်ဆိုရင်ပဲသားတော်မောင်နှုတ်ဖျားမှ စာများ အပြေးအလွှားခုန်ထွက်ကျလာပါတော့တယ်။ ရှေးသရောအခါ (ရှေးဆိုတာကိုတော့သဘောပေါက်ပါတယ်၊ သရောအခါဆိုတာကိုတော့သိပ်သဘောမပေါက်ပါ၊ ရှေးသရောအခါရှိပုံထောက်တော့ နောက်မယ်ဒလင်အခါဆိုတာလည်းရှိပုံရပါတယ်။ အခုကတော့ဂစ်တာအခါဖြစ်မှာပေါ့။) လက်ပံပင်ကြီးတစ်ပင်၌ကျေးညီနောင်တို့နေကြလေ၏၊သူတို့သည် အတောင်မစုံကြသေးသဖြင့်ကောင်းစွာ မပြန်နိုင်ကြချေ။ တနေ့သ၌ လေပြင်မုန်တိုင်း………….. သားတော်မောင်ဆိုနေသောစာမှာ ကြောင်လေးတို့ငယ်ငယ်ကသင်ခဲ့ရသည့် စာအတိုင်းပင်ဖြစ်သည်။ ဘေဘီကြောင်လေးဆိုနေသောစာမှာ ကျွန်တော်၏ ခေါင်းထဲသို့မရောက်တော့ပဲ၊ တစုံတရာကိုစဉ်းစားမိသွားလေသည်။ ကြောင်လေးတို့ငယ်ငယ်က က- ကညစ်ပေမှာခြစ် ခ- ခရာအသံသာ ……….. အ- အလံ အောင်ပွဲခံ ကိုယခုအခါ က-ကလေးငယ်ချစ်စဖွယ် […]