NAJAJuly 4, 20121min36237
အားလုံးပဲ မင်္ဂလာပါ… ကျွန်တော်က မန်ဘာအသစ်တစ်ယောက်မဟုတ်ပေမဲ့ အားလုံးနဲ့လဲ အကျွမ်းတဝင်မရှိလှတဲ့ ကိုယ်ပျောက်ရွာသားတစ်ယောက်ပါ… ပို့စ်တင်လေ့မရှိသလို ကွန်းမန့်လဲ များများစားစားမပေးဖူးပါ.. သို့သော် ဒီထဲက ရွာသူရွာသားတွေ အကုန်ကို ကျွန်တော့်စိတ်ထဲ တော်တော်ရင်းနီးနေပါပြီ ကျွန်တော် MG မှာဖတ်လာတာ နဲနဲတော့ကြာခဲ့ပြီထင်ပါတယ်.. တခြား သတင်းဝဘ်ဆိုက်တွေကိုလဲဖတ်ပေမဲ့ သုတ၊ရသ၊သတင်း အစုံရတဲ့ MG ကိုတော့ စွဲစွဲမြဲမြဲ နေ့စဉ်ဖတ်ဖြစ်ပါတယ်.. အခုကျွန်တော် ပိုစ့်တင်လိုက်တဲ့ကိစ္စကတော့ ဒီရက်ပိုင်း ဖတ်စရာ နဲနေသလိုခံစားရလို့ပါ အရင်လောက် MG ကိုမဝေဆာဘူးထင်နေမိပါတယ်.. ကျွန်တော့်စိတ်ထင် ဖြစ်ကောင်းဖြစ်မှာပါ.. ကျွန်တော် စာဖတ်သူတစ်ယောက်သာဖြစ်တဲ့အတွက် ပုဂ္ဂလိကဆန်ဆန်ပဲ ကျွန်တော် ကြိုက်တဲ့စာမျိုးနဲ့ စာရေးတဲ့လူတွေကို တောင်းဆိုပါရစေ.. ဦးလေးသစ်မင်းကိုလဲသတိရမိပါတယ်.. သူ့စာတွေမဖတ်ရတာ အတော်ကြာခဲ့ပါပြီ ဂေဇက်ရဲ့ နှုးဘာဂိုဏ်းချုပ်ဆရာဂီ ကိုလဲ မားကတ်တင်းအကြောင်းပဲဖြစ်ဖြစ်.. ပညာရပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဥပမာ.. ဒါ့ဆိုဒ်တော့ […]