ညိုတိုတိုနဲ ့ချောတဲ့ ကျွန်မဟာ…ဖြူလွှလွှ တိမ်တိုက်များနဲ ့ပြာလဲ့လဲ့ ကောင်းကင်ကြီးကို စိုတိုတို စိမ်းတိမ်းတိမ်း မြက်ခင်းပြင်ကြီးမှာ ထိုင်ပြီး နီရဲရဲ စိန်ပန်း ဝါတာတာ ငုဝါပန်းတွေကြားကနေ ငေးကြည့်မိနေလေရဲ ့။ အချိန်ခဏမှာပဲ ပြာလဲ့လဲ့ ကောင်းကင်ပြာကြီးဟာ ညိုမဲမဲ တိမ်တိုက်တွေ ဖုံးအုပ်သွားပြီး မိုးတွေရွာချလိုက်တာ ထိုင်နေတဲ့ မြက်ခင်းဘေး မြောင်းကနေ မဲသဲသဲ ရေတွေလျှံတော့မှပဲ ပြေးဖို ့သတိရပါတော့တယ်။ နှေးတေးတေးလျှောက်နေရင်အလုပ်မဖြစ်တာကြောင့် ဖုန်းဒိုင်းဒိုင်းပြေးလိုက်တယ်ဆိုရင်ပဲ ခြေလှမ်းတွေဟာ ချော်တော်တော်ဖြစ်ပြီး လဲကျသွားပါတယ်။အဲဒီအချိန်မှာပဲ ကျွန်မနဲ ့ ငြိတိတိ ဖြစ်နေတဲ့ အောင်ရဲလင်းနဲ ့ဂျစ်တစ်တစ်နိုင်လှတဲ့ နေတိုးတို ့ဟာ အသည်းကြားက မဲတစ်ပြားအတွက် အားယားယား မလုပ်ကြတော့ဘဲ အဘားအဘားနဲ ့ကူညီဖို့ကြိုးစားကြပါတယ်။ အဲဒီလို ကောင်းခန်းရောက်ချိန် ဖလား ဖလားနဲ ့အော်သံကြားတာကြောင့် အမားအမားဆိုတဲ့ […]