Ma MaJuly 12, 20111min38716
ငွေအကြွေ ပြဿနာ ဖြစ်နေသူတွေအတွက် သတင်းကောင်းလေးတစ်ပုဒ် မျှဝေလိုက်ပါတယ်။ ဗဟိုဘဏ်မှာ လုပ်ငန်းရှင်တွေအတွက် ငွေအကြွေတွေ လဲလှယ်ပေးနေပါပြီ။ အားလုံးကို စိတ်ဝင်စားစေမှာကတော့ လ္ဘက်ရည်ဖိုး လုံးဝပေးစရာမလိုပဲ လွယ်လွယ်ကူကူ လဲလှယ်ပေးနေတာဖြစ်ပါတယ်။ ဘဏ်ကို ငွေစက္ကူလဲလှယ်လိုကြောင်း လျှောက်လွှာနှင့် လုပ်ငန်းလိုင်စင်မိတ္တူ ပေးရပါတယ်။ လုပ်ငန်းရှင်ကိုယ်တိုင် မှတ်ပုံတင်နှင့် သွားရပါတယ်။ လုပ်ငန်းလိုင်စင်အလိုက် ဘဏ်က သင့်တော်သလောက် လဲလှယ်ပေးပါတယ်။ လုပ်ငန်းရှင်ကိုယ်တိုင် မသွားနိုင်ရင်တော့ ကိုယ်စားလှယ်လွှဲစာနှင့် လွှတ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်သွားသူနဲ့ ကိုယ်စားလှယ်လွှတ်သူကို လဲလှယ်ပေးတဲ့ ငွေပမာဏခြင်း မတူပါဘူး။ ကိုယ်တိုင်သွားသူကို ပမာဏပိုမို လဲလှယ်ပေးပါတယ်။ ပထမဦးဆုံးအကြိမ်မှာ လုပ်ငန်းလိုင်စင်မူရင်း ယူသွားပြဖို့ လိုပါတယ်။ နောက်အကြိမ်တွေကျရင်တော့ မလိုတော့ပါဘူး။ လက်လီဆိုင်လိုမျိုး၊ လ္ဘက်ရည်ဆိုင်လိုမျိုးဆိုရင် ပမာဏများများ လဲလှယ်ပေးပါတယ်။ တစ်လကို တစ်ခါ လဲလှယ်နိုင်ပါတယ်။ တံတားဖြတ်သန်းခ ကောက်ခံသူတွေထံမှ […]