manawphyulayApril 9, 20111min1838
တည်းခိုခဲ့တဲ့ဘန်ဂလို အလုပ်ကနေ ငွေဆောင်လိုက်ပို့မယ်ဆိုလို့ ဝမ်းသာသွားမိပါတယ်။ ကမ်းခြေတွေမှာ စက်စဲ၊ ချောင်းသာ၊ ငပလီ တွေရောက်ဖူးပေမယ့် ငွေဆောင်ကိုတော့ တစ်ခါမှမရောက်ဖူးသေးတဲ့အတွက် လိုက်မယ်လို့ ပြောလိုက်မိတယ်။ ညဘက်ထွက်တော့ အလုပ်ကနေ စောစောပြန်ပြီး ချိန်းထားတဲ့အလုပ်တိုက်ကိုပဲပြန်လာခဲ့တယ်။ ထွက်တော့ ည ၁၂ နာရီ စထွက်ခဲ့ပြီး ငွေဆောင်ရောက်တော့ မနက် ၄ နာရီဝန်းကျင်လောက်ရောက်သွားတယ်။ ငွေဆောင်ရောက်တော့ နေမကောင်းတာတွေလည်း ခဏမေ့သွားတယ်။ ငွေဆောင်မှာ တည်းတဲ့သူတွေ သိပ်မရှိသလောက်ရှားပါးနေတာကိုတွေ့ရတယ်။ လာတည်းတဲ့သူတွေ မှန်သမျှက နိုင်ငံခြားသားတွေပဲ များတယ်။ မြန်မာတွေသိပ်မရှိဘူး။ ရောက်တော့လည်း ကမ်းခြေတစ်လျှောက် ကိုယ့်အဖွဲ့ပဲရှိတော့ အတော်ကို မျက်စိအေးပြီး ငြိမ်းချမ်းသွားတယ်။ ဒီမှာက အစားအသောက်လည်း နည်းနည်းတော့ရှားတယ်။ စားသောက်ဆိုင်ကတော့ ကန်ထရို်က်ယူထားတဲ့ဆိုင်တစ်ဆိုင်ပဲရှိတယ်။ ဆိုင်တွေအားလုံးက ရွာထဲမှာတော့ရှိတယ်။ ရွာထဲကိုသွားရင် ၉ မိုင်လောက်ဝေးတယ်လို့ပြောတယ်။ သွားစရာကလည်း ချောင်းသာလောက် […]