ည…တစ်ညလုံး အိပ်မရခဲ့ဘူး။ တိုက်လေယာဉ်တွေလို တဝှီးဝှီးပျံသန်းလာတဲ့ ခြင်တွေ တစ်ကိုယ်လုံးကို အပ်စူးစူးတစ်ချောင်းနဲ့ထိုးသလို အဆက်မပြတ် တရစပ်တိုက်ခိုက်နေတယ်။ မူးနောက်ခေါင်းကိုက်ဝေဒနာနဲ့ လည်ပင်းရိုးတစ်လျှောက် ကိုက်ခဲ့တဲ့ ခံစားချက်က သူ့ကို ထိုးနှက်နေတယ်။ ဆောင်းရယ်လို မပီပြင်တဲ့ မန္တလေးညက သူ့ကို အဆတစ်ရာမက ပူလောင်နေစေပြန်တယ်။ ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေ အမျိုးမျိုး အဖုံဖုံ။ မျက်စိထဲ ပြန်မြင်နေတဲ့ မြင်ကွင်းတစ်ခုက အာရုံမှာ ပြတ်ခနဲ ထင်းခနဲ။ နေ့တစ်နေ့ရဲ့ နှစ်ဆယ့်လေးနာရီဆိုတာ ဘယ်အချိန်မှာ စပြီး ဘယ်အချိန်မှာ ဆုံးတာလဲ။ သူမသိလိုက်ဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်း အိပ်စက်ခြင်းဆိုတာ သူ့ဆီကနေ သွေဖယ်ပြီး ဘယ်ကိုခရီးနှင်သွားခဲ့သလဲ သူမသိဘူး။ လက်တစ်ကမ်းအကွာက မျက်နှာတစ်ခုမှာ သွေးစိမ်းရှင်ရှင်ထွက်နေတာကို သူ့ကြည့်ရင်း မျက်နှာကို လွှဲလိုက်မိတယ်။ ဘာလဲ…။ ဘာတွေဖြစ်ကုန်တာလဲ။ မေးခွန်းတွေ […]