who whoOctober 30, 20111min732
ရှေ့က ဆေးညွှန်းမှာပါတဲ့ အကြောင်း(၄)ပါးများ ညီညွတ်သွားရင် အကျိုးဖြစ်တဲ့ (၃)ပါးကလည်း တစ်ခုပြီးတစ်ခု ရရှိလာမယ့်အကြောင်း လေး ဆက်ကြပါစို့။ ဒီအကျိုးတွေကတော့ အကြောင်းပြုလို့ အကျိုးဖြစ်တယ်လို့ မှတ်ပါ နော်။ ရှေ့တုန်းက ညွှန်းခဲ့တဲ့ အတိုင်း သတိထား၊ ဝီရိယစိုက်လို့ ပညာနဲ့စိစစ်သုံးသပ်ပြီး ရှု့မှတ်နေမယ်ဆိုရင် ခုပြောမယ့် အကျိုးတရားတွေက အလိုလို ရောက်လာ ရလာကြမှာပါပဲ။ (၁) ပီတိ သမ္ဗောဇ္ဈင် ပီတိဆိုတာ သိမ့်ကနဲ၊ ငြိမ့်ကနဲ တခဏလေးချင်း ငြိမ်းအေးတာကို ခံစားရမှာဖြစ်သလို ခပ်ကြာကြာလေး လည်း ဖြစ်တတ်ပါတယ်။ တစ်ခါ တစ်ခါမှာ တောင်ပေါ်ကနေ အောက်ကို ငုံ့ကြည့်လိုက်လို့ အေးကနဲ ဖြစ်သွား တာမျိုး၊ ချားရဟတ်ကြီးစီးလို့ အပေါ်က အောက်ကို အကျမှာ ဖြစ်သွားတဲ့ သိမ့်ကနဲ ခံစားမှု့မျိုး၊ တခါတရံကျတော့လည်း […]


who whoOctober 29, 20111min2058
ဒီနေ့တော့ လိမ်းဆေးနဲ့ သောက်ဆေး မှားသုံးမိတာလေး ပြောပြဦးမယ်။ အဖြစ်က ဒီလို။ ကျနော် fifth year လောက်တုန်းကပေါ့။ ကျနော်မှာ တော်တော်လေး ချူချာခဲ့တာ။ ကျန်းမာရေးက တရှောင်ရှောင် ဖြစ်ခဲ့တာပါ။ ဒီတော့ သူငယ်ချင်း တစ်ယောက်က အကြံပေးတယ်။ ကျန်းမာရေး မကောင်းရင် ဗောဇ္ဈင်္ဂသုတ်ကို တနေ့(၁၁)ခေါက်ရွတ်ရင် ကောင်းလာလိမ့်မယ်တဲ့။ ဒါနဲ့ ကျနော်လည်း လိုက်လုပ်ခဲ့တာပေါ့။ ယုံကြည်မှု့ကြောင့်လား မသိဘူး။ တော်တော်လေး သက်သာခဲ့ပါတယ်။ တကယ်တော့ ဒီသုတ်ရဲ့အဓိပ္ပါယ်ကို မသိဘဲ ရွတ်ခဲ့တာလေ။ နောက်မှပဲ ကိုယ့်အမှားကိုယ် မြင်တော့ တယ်။ ဒီသုတ်က ဘာကိုဟောထားသလဲဆိုရင် လက်တွေ့ကျင့်သုံးနည်းကို ညွှန်းထားတာပါ။ ဒါပေမယ့် ဆေးနည်း အညွှန်းကို နားမလည်ခဲ့ပဲ ကျင့်သုံးရမယ့် တရားကို ရွတ်ဖတ်ပူဇော်နေခဲ့တယ်လေ။ ဒါကြောင့် ကျနော်က သောက်ဆေးကို […]