etoneAugust 13, 20101min842
ပြည်သူလူထုအတွင်းအလွယ်တကူနှင့် ဖျောက်ဖျက်၍မရနိုင်သေးသော ဆေးပညာနှင့် ပတ်သတ်သည့် အယူအဆအမှားများ များစွာရှိပါသည်။ ထိုများစွာသော အယူအဆအမှားများမှ အချို ့ကိုဖော်ပြသွားပါမည်။ အင်္ဂလိပ်ဆေးနှင့်သံပုရာရည် အင်္ဂလိပ်ဆေးနှင့် သံပုရာရည် ၊သို ့မဟုတ် အချဉ်လုံးဝမတည့်ဟူသော အယူအဆအမှားမှာ လူ ၁၀ဝ တွင် လူ ၉ဝ ကျော်၏ စိတ်၌စွဲမြဲစွာ ယုံကြည်လျက်ရှိသည်။ အချဉ်စားမိလို ့ ဆေးမသောက်ဖြစ်ဘူး အချဉ်စားထားမိလို့ ဆေးမထိုးပေးပါနဲ့ဆရာ အချဉ်စားပြီး ဘယ်လောက်ကြာ ဆေးသောက်ရမလဲ စသည့်စကားမျိုးမကြာခဏကြားရသည်။ မည်သူမည်ဝါဖြင့်ဆေးထိုးပြီးသံပုရာရည်သောက်မိလို ့ဆေးရုံတင်လိုက်ရတယ် ။ သေသွားပြီဆိုသော ကောလဟာလများပင်ကြားရတတ်သည်။ ရှေးနှစ်ပေါင်းများစွာက အင်္ဂလိပ်ဆေးအချို ့သည် အချဉ်နှင့်ဓာတ်မတည့်တာမျိုး ရှိကောင်းရှိခဲ့နိုင်သည်။ ယနေ ့အချိန်တွင် အချဉ်နှင့်မတည့်သောဆေးဟူ၍ လုံးဝမရှိပါ။ ကုမ္ပဏီအမျိူးမျိူးမှ ထုတ်လုပ်လျက်ရှိသော သောက်ဆေးထိုးဆေး အမျိုးမျိုးတွင် အချဉ်နှင့်မတည့်ပါဟု တားမြစ်ချက်ရှိသောဆေးဟူ၍ မရှိပါ။ […]