လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်လောက်က ကာတွန်းလေးတစ်ကွက်ကို ပြန်ညွှန်းချင်လို့ပါဗျာ။ ဆရာ အော်ပီကျယ် ရေးခဲ့တဲ့ တစ်ကွက်ကာတွန်းလေးပါ။ စွယ်တော်ရွက် မုံရွာ ဂျီတီအိုင် မှာ နည်းပြလုပ်နေတုံးကစာသင်ခန်းထဲ ကျောက်သင်ပုန်းပေါ်မှာ မြေဖြူနဲ့ ပြန်ဆွဲပြပြီး ကျောင်းသားတွေနဲ့ဆွေးနွေး ခဲ့ဘူးတဲ့ ကာတွန်းလေးပါခင်ဗျ၊ အခုရွာသူားတွေနဲ့ပါ ဆွေးနွေးချင်လို့ပါနော။မှတ်မိသလောက်လေး ပြန်ဆွဲပြထားတဲ့ ကာတွန်းလေးက ဒီမှာပါ။ ငှက် ( ၁ ) မေး။ ။ မင်း ဟိုတလောတုံး က ရွာ ကို ပြန်သွားသေးတယ်ဆို။ ငှက် ( ၂ ) ဖြေ။ ။ အေး။ ငှက် ( ၁ ) မေး။ ။ ဘာလို့ ဒီ ပြန်လာတာတုံးကွ။ ငှက် ( […]