“စကား ပေါင်းကူး ” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (ဂ) ပြီးခဲ့တဲ့သုံးလေးရက်လောက်က” မြန်မာသံလေးတွေနားထောင်ကြမယ်”အဖွဲ့ထဲကိုဝင်ဖတ် လိုက်တော့ သီချင်းအဆိုပြိုင်ပွဲတစ်ခုမှာ မူရင်းအဆိုတော်နာမယ်ကိုမှားထိုးထားတဲ့ အကြောင်းရေးထားတာကိုဖတ်လိုက်ရပါတယ်။ သီချင်းအဆို ပြိုင်ပွဲတစ်ခုမှာ အဆိုတော် “ ပုလဲ“ ရဲ့နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “ ပေါက်နေပြီ” သီချင်းကို စာတန်းထိုးတဲ့အခါ မူရင်းအဆိုရှင် “ ဆုံသင်းပါရ်“လို့ထိုးလိုက်တာဖြစ်ပါတယ်။ ဒီသီချင်းလေးက သူ့ခေတ်သူ့ အခါ နဲ့ ဆိုရင် အတော်လေးဟော့ဖြစ်ခဲ့တဲ့ သီချင်းဖြစ်သလို ဒီ “ ပေါက်နေပြီ”ဆိုတဲ့စကားလုံးလေးက ဘန်းစကား အဖြစ်လူထုကြားမှာပျံ့နှံ့သွားခဲ့ဘူးပါတယ်။ တကယ်ပြောရရင်တော့ မမှားသင့်ဘူးလို့တွေးမိပြန်ပါတယ်။ ပြန်ဆိုသီချင်းတွေ ဆိုကြတဲ့ အခါမှာ ပြိုင်ပွဲအတွက်ဘဲဆိုဆို ရောင်းတမ်း ထုတ်ဘို့ ဘဲ ဆိုဆို မူရင်းဆိုသူအပေါ်မှာ လေးစားမူ့ ပြ သင့်တယ်လို့ တော့ ထင်မြင်မိပါတယ်။ သီချင်းရောင်းလိုက်တဲ့တေးရေးဆရာကလဲ သီချင်းရောင်းလိုက်တာဘဲဖြစ်ဖြစ် […]


“ကျယ်စေကောင်း၏ …….မကောင်း၏…………” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၃)   ကျနော်ရန်ကုန်ရောက်တုံးက ရွှေတိဂုံဘုရားကို blue hour မှာရိုက်ချင်လို့ ညနေခင်းတစ်ခုမှာသွားခဲ့ပါတယ်။ ကျနော်ကမြောက်ဘက်မုဒ် ဓါတ်လှေခါးကနေတက်လာပါတယ်။ ဘုရားကုန်းတော်ပေါ်ကထန်းပင်အနားရောက်တော့ ရှေ့ဆက်သွားလို့မရ လမ်းပိတ်နေပါတယ်။ ကြည့်လိုက်တော့ ပရဟိတ တံမျက်စည်းလှည်းတဲ့အဖွဲ့က စက်ဝိုင်းခြမ်းပုံဖြစ်အောင်တန်းစီနေကြတာကြောင့်ပါ။ ဘုရားရင်ပြင်တော်ပေါ်မှာတံမျက်စည်းလှည်းပြီး ကုသိုလ်ယူကြဘို့အတွက်လူစီနေကြတာပါ။ “ညီနေအောင်တန်းစီပါ အလှပြသလိုလုပ်မနေပါနဲ့” “စ….  လှဲ တော့” ဆိုတဲ့ အာကျယ်ပါကျယ်အသံထွက်လာတော့ ကျနော်စိတ်ဝင်စားသွားပါတယ်။ အကျီအဖြူလည်ကတုံး ပုဆိုးအကွက်စိတ် ဟန်းဖုန်းခါးချိတ် ရင်ဘတ်မှာပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ရင်ထိုးတံဆိပ်ထုးိတားတဲ့သူဆီကအသံထွက်နေတာပါ။ တံမျက်စည်းလှဲတဲ့သူက လူနှစ်ဆယ်ကျော်လောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ပူးပူးကပ်ကပ် တစ်လှမ်းခြင်းရှေ့တိုးပြီးတံမျက်စည်းလှဲနေကြရပါတယ်။ ” တံမျက်စည်းကိုသေချာလှဲပါ။ ဟန်ပြမလှဲပါနဲ့” လို့ အော်သံထပ်ထွက်လာပြန်ပါတယ်။ သူ့မျက်နှာက တော့ ခပ်တင်းတင်း ၊ စစ်ပွဲတစ်ပွဲကိုဦးဆောင်နေရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့အသွင်အပြင်၊ သူ့အော်သံကြောင့် ဘုရားဖူးလာသူအချို့က တံမျက်စည်းလှည်းနေတာနဲ့ ဝေးအောင်ကွင်းပြီးသွားကြပါတယ်။ ကုသိုလ်ယူနေကြတဲ့သူတွေကိုလှမ်းကြည့်လိုက်တော့ […]