Yin Nyine NwayAugust 29, 20101min1851
မန္တလေးတိုင်း မတ္တရာမြို့နယ် တောင်ပြုန်းကျေးရွာတွင် ကျင်းပသော ဆုတောင်းပြည့်၊ ဆုတောင်းရနှင့် တောင်ပြုန်းမင်းနှစ်ပါး ပွဲတော်ကို ယခုနှစ် ဝါခေါင်လဆန်း ၈ ရက်(ဩ ဂုတ် ၁၈ ရက်)နေ့မှ စတင်ကျင်းပသော်လည်း ပွဲထုံးစံအရ ချိုးရေတော်သုံးသည့် ဝါခေါင်လဆန်း၊ ၁၁ ရက် (ဩဂုတ်လ ၂၁ ရက်)နေ့မှစ၍စတင် စည်ကားလာကြောင်း တွေ့ရှိရသည်။ ယခုနှစ် ၁၃၇၁ ခုနှစ်သည် စုံနှစ်ဖြစ်သဖြင့် ရိုးရာအယူအဆ အစွဲအလမ်းအရ ပိုမိုပျော်ရွှင်မြူးတူးသည့် မင်းလေးနှစ်ဖြစ်၍ ယခင်နှစ်ထက် စည်ကားနိုင်သည်ဟု မျှော်လင့်ခဲ့ကြသကဲ့သို့ ပွဲလမ်းများနှင့် ပြတ်လပ်နေသည့်အပြင် စိတ်ထွက်ပေါက် ပျော်ရွှင်ဖွယ်ရာအဖြစ် ချိုးရေတော်သုံးသည့်နေ့တွင် ရိုးရာအရ ပူဇော်ပသရန်၊ သို့မဟုတ် အစဉ်အလာအရ မဖြစ်မနေ သွားရောက်ရန် သို့မဟုတ် စိတ်လွတ် လက်လွှတ် ဖွင့်အန်ပျော်ရွှင်ရန်များ အတွက် ဝါခေါင်လဆန်း ၁ဝ […]