Tawwin PanMay 20, 20161min25914
ခုတလော ဖွဘုတ်မယ် တင်သမျှ အွန်လိုင်းရှော့ပင်း၊ သင်တန်း၊ ဒါမှမဟုတ် ကုန်ပစ္စည်းကြော်ငြာတခုခုရဲ့အောက်က ကွန့်မန့်တွေကို ဖတ်ကြည့်မိတိုင်း တကယ်ဆိုရင် ကြော်ငြာတင်တဲ့သူက ဆက်သွယ်ရမည့်လိပ်စာတွေထည့်ပေးထားရဲ့သားနဲ့ အောက်က ကွန်မန့်တွေထဲမှာ ဘယ်ကိုဆက်သွယ်ရမလဲ ဖုန်းနံပါတ်လေးပေးပါဆိုတဲ့သူက တမျိုး၊ ဈေးနှုန်းတွေပုံမှာဖြစ်ဖြစ် ထည့်ပေးထားရဲ့သားနဲ့ ဒါလေးက ဈေးဘယ်လောက်လည်းဆိုတာက တဖုံ၊ သင်တန်းဆိုရင်လည်း ရန်ကုန်မှာဖွင့်တဲ့သင်တန်းဖြစ်နေရင် နယ်မှာလာမဖွင့်ဘူးလားဆိုတာက တသွယ် မေးပြီးသား၊ ဖြေပြီးသားကိုပဲ ထပ်တလဲလဲမေးနေကြတာကို တွေ့ရတော့ ခုခေတ်ကလေးတွေ စာမဖတ်ကြတော့တာကို မြင်နေရပါတယ်။ စာမဖတ်ကြတော့တာလို့ ပြောချင်တာထက် ကိုယ့်အားကိုယ် မကိုးချင်ကြတော့ဘူးလို့ ပိုဆိုလိုချင်ပါတယ်။ ကြော်ငြာတွေ့တယ် ဆိုတာနဲ့ စာကို အစအဆုံးဖတ်မကြည့်ဘဲနဲ့ သိချင်တာကို ဝင်မန့်လိုက်မယ်ဆိုပြီး အလွယ်လုပ်နေကြတဲ့ပုံပါပဲ။ နောက်ပြီးတော့ အွန်လိုင်းရှော့ပင်းလုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်က ချက်ဘောက်ကနေ အားပေးပါဦးဆိုလို့ သူတင်သမျှ ပုံတွေလိုက်ကြည့်တော့ ဈေးရေးထားတာမတွေ့မိလို့ နင့်ဟာကလည်း ဈေးမပါဘဲနဲ့ […]