manawphyulayDecember 21, 20111min31321
အဘဖော စီစဉ်ထားတာတွေလေ အားလုံး ဝမ်းသာနေကြတာနဲ့ ဘူဖေးဆိုပေမယ့် သိပ်မစားနိုင်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီပွဲကို လာရတဲ့အတွက် မောင်နှမများအားလုံး ဆုံညီစွာ တွေ့ဆုံရတဲ့အတွက်လည်း အလွန်ပဲ အဘဖောကို ကျေးဇူးအထူးပဲ တင်မိပါတယ်။ စားချင်တာ စားရအောင် အလျှံပယ် ဘူဖေးစနစ်ပါတဲ့ရှင် ဘယ်လောက်စားစား မကုန်သလိုပဲ နော်… ဘူဖေးဆိုတော့လည်း သိပ်မစားနိုင်ကြပါဘူး။ အပျော်တွေလွန်ပြီး ဝနေကြတာ… ငါးခေါင်းဟင်းချိုဆိုတဲ့အတိုင်း ကျွေးတဲ့သူက စေတနာပါတော့လည်း ချိုနေတာပါပဲ… ဘူဖေး စားပြီးကြပြန်တော့ အချိုပွဲလေးတွေ ဆက်စားလိုက်ကြပါဦး။ အဘဖောက သိပ်မစားကြတော့ မတန်ဖူးလို့ပြောနေတယ်။ ဒီတော့ စားပြီးရင်း စား မပြန်မချင်းစား ထပ်ထပ်စားကြပေါ့ ဒါကတော့ ဘူဖေးစားခဲ့ရပြီး မောင်နှမတွေ ပျော်ရွှင်စွာ တွေ့ဆုံခဲ့တဲ့နေရာလေးပေါ့..