ဟီးတိုက်တဲ့ကြီးမိုက်ကို ဆီးမရိုက်ဖို့တော့အရင်တောင်းပန်ထားပါရစေ.. အခုရက်ပိုင်းတက်လာတဲ့တွေ့ဆုံပွဲပို့စ်လေးတွေတွေ့တော့… ကိုယ်တိုင်လည်း တစ်ခုခုပြောချင်လာတယ်ဗျာ… ဒီတစ်ခေါက်တွေ့ဆုံပွဲက တက်ရောက်သူနဲပေမဲ့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းခဲ့သလိုအစားအသောက်ကလည်း အရင်တစ်ခေါက်ထက်ပိုကောင်း(ပိုက်ပိုက်လဲပိုကုန်)ခဲ့ပါတယ်…မတက်သူတွေသွားရေကျအောင် မိတ်ဆက်လိုက်အုံးမယ်…(အစားသိပ်မမက်တဲ့ ဒေါ်ခိုင်ဇာက ကွန်မန့်တစ်ခုမှာ ဘူဖေးပုံဘယ်သူ့မှရိုက်မလာဘူးလားဆိုလို့ ဒီပို့တင်ဖြစ်သွားပါဂျောင်းးး) ၁။ အသီးအရွက်နဲ့သက်သတ်လွတ်ထမင်းကြော် ၂။ ကြက်ကုန်းဘောင်ကြီးကြော် ၃။ ပုဇွန်ချိုချဉ်ကြော် ၄။ ကျောက်ပွင့်သုတ် ၅။ သီးရွက်စုံအစိမ်းကြော်… ကိုင်း..ရှုကြလော့.. ကဲကဲအစားအသောက်နဲ့အရင်ဖွင့်လိုက်ပါပြီဗျာ… ကျုပ်ကလည်း အဲဒီနေ့က ကိုယ့်ဖာသာဘာတွေလုပ်နေခဲ့မိမှန်းတောင်မသိပါဘူး ကင်မရာပါသွားရက်နဲ့ ဓါတ်ပုံတောင်ထုတ်မရိုက်မိဘူး.. အခုပုံလေးတွေက ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ပုံအချို့ပါ… ဒါပါပဲဗျာ…စာတော့များများမရေးတော့ပါဘူးလေ..ဓါတ်ပုံလေးတွေကစကားအများကြီးပြောပါလိမ့်မယ်.. တစ်ခုပဲပြောစရာရှိပါတယ်…အဲဒီနေ့ကပေါ့ “ကြီးမိုက်တစ်ယောက် တဟဲဟဲနဲ့ ဟီးတိုက်လွန်းလို့ သွားတောင်အအေးပတ်သွားကြောင်းပါဗျာ” တော်သေဘီ။ ရွာသူားအားလုံးကိုခင်မင်လေးစားလျှက်… လမ်းဆက်လျှောက်နေတဲ့ ကြီးမိုက်။