မောင်ဆန်းApril 1, 20111min24918
ထောင်ထဲကို ရောက်ဖူးပါသလား  ……. ကျွန်တော်ကတော့ ကံဆိုးတယ် ပြောရမလား ကံကောင်းတယ် ပြောရမလား မသိဘူး ထောင်ထဲကို (၃)ခါ ရောက်ခဲ့ဘူးပါတယ် ထောင်ထဲကို မရောက်ဖူးခင်ကတဲက ထောင်အကြောင်းကို စာအုပ်တွေထဲကနေ ရင်းနှီးခဲ့ဘူးပါတယ် ပထမဆုံးက အလယ်တန်းကျောင်းသားဘဝလောက်မှာ မဂ္ဂဇင်းတွေထဲ အခန်းဆက် ပါတဲ့ ရန်အောင်မောင်မောင် ရဲ့ “ထောင်တစ်သက်အတွေ့အကြုံ” ပါ ဆရာကိုယ်တိုင်လဲ ထောင်ဝန်ထမ်း နောက် စာရေးကောင်းတဲ့သူလဲဖြစ်တော့ ထောင်ထဲက အကျဉ်းကျ တွေရဲ့ဘဝကို စိတ်ပျက်ရင်း သနားရင်း အော့နှလုံးနာရင်းနဲ့ပဲ စွဲစွဲလန်းလန်း ဖတ်ခဲ့ရတာပါ လွန်ခဲ့တဲ့ (၅)နှစ်လောက်က ဆရာ့ရဲ့ ဆောင်းပါးတွေကို စာအုပ်အဖြစ်တွေ့လို့ ပြန်ဖတ်ဖြစ်တော့လဲ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ခံစားမှုတွေကလျှော့မသွားဘူး ထောင်ကျဖြစ်ရမဲ့ ဘဝကို ကြောက်ရွံ့မိတုန်းပါ… နောက်တစ်အုပ် ကတော့ ဦးလှဝင်း(လေသူရဲတစ်ဦး) ဘာသာပြန်တဲ့ “ပါပီလွန်” […]