လူတိုင်းပြောလွန်းလို ့ ရိုးအီနေသည်။ ကွမ်း ဆိုသော အရာ စားသင့် မစားသင့် နှင့် ငြင်းကြ ခုန်ကြဖူးပြီ။ ပြည်တွင်းမှာ အသာထား ဟိုနိုင်ငံတွင်ရှိစဉ်က ကြုံရဖူးသော အကြောင်းအရာတခု။ ဟိုနိုင်ငံ အထိရောက်အောင် ကွမ်းယာ ရောင်းကြသော ကျေးဇူးရှင် မြန်မာဆိုင်များကြောင့် ကွမ်းငတ်နေသော ဆရာကြီးများ တန်ဖိုးကြီးမားစွာ ပေးပြီး အားပေးကြလေ သတတ်။ တစ်ခု သော ကားဂိတ်တွင်၊ အနှီ ဆရာကြီးများ အထဲမှ တစ်ယောက်သော သူသည် ကားဂိတ်တိုင်းတွင် ပြုလုပ်ပေးထားသော အမှိုက်စွန် ့ပစ်ပုံး အတွင်းသို ့ တဗျစ်ဗျစ်နှင့် ကွမ်းသွေးများ(တံတွေး အညစ်အကြေးများ) အား၊ အားရပါးရထွေးလေစဉ်၊ တစ်ယောက်သော အမျိုးသမီးသည် အရေးပေါ်ဋ္ဌာနသို ့ ဖုံးဆက်ပြီး နိုင်ငံခြားသား တစ်ယောက် ကားဂိတ်တွင် သွေးအန်နေသည်ဟု အကြောင်းကြားလေသည်…။ […]