ဒီနေ့မလေးရှားသတင်းစာဖြစ်တဲ့ The Star News Paper မျက်နှာဖုံးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းကိုဖေါ်ပြထားပါတယ်။အရှေ့တောင်အာရှနိုင်ငံသတင်းမီဒီယာတွေရဲ့အထူးလေးထားဂရုစိုက်မူကိုပေါ်လွင်စေပါတယ်။ ကျနော်ဒီသတင်းကို မနက်ထဲကတင်ဖို့ပါပဲ..ဒါပေမယ့်ဒီနေ့မှ အလုပ်ကလည်းအရမ်းများပါတယ်၊ဒါပေမယ့်ရွာသံယောဇဉ်ကြောင့် မနက်(၄)နာရီအထိ မအိပ်သေးပဲကြိုးစားပန်းစားတင်ပေးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးခရီးစဉ် အဖြစ်ပထမဦးဆုံးအနေနဲ့ မြန်မာပြည်ရဲ့တောင်ဖြားစွန်းမှစတင်တယ်လို့ထင်ပါတယ်။ကျနော်စိတ်ထင်တော့ အောက်ခြေမှစပြီးမြန်မာပြည်ကိုပြောင်းလဲဖို့အတွက်သူမရဲ့ပထမဦးဆုံးခြေလှမ်းစတင်ခြင်းပါပဲ။ ဒေါ်အောင်းဆန်းစုကြည်ကို ထားဝယ်မြို့ခံတွေနဲ့အနီးအနားမှထောင်ပေါင်းများစွာသော ပြည်သူတွေဟာသောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါတယ်။ AFP..သတင်းထဲမှ ဒေါ်စုရဲ့မိန့်ခွန်းကိုယခုလိုထည့်သွင်းရေးသားထားပါတယ်။ “If we move in the right direction our country will have many opportunities.We are eager to seize them” “For the security of the people the rule of law is very important…We hope […]