သားငယ္April 29, 20121min2153
  ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ- ရေးသူ-ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ဧပြီ ၂၉ ရက်နေ့ ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Letter from Burma: Flowers in her hair ဆောင်းပါးဘာသာပြန် ၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှှိုင်း ပြောင်းလဲရာမှာ […]