Ko chogyiMay 7, 20131min39427
ရွာထဲက ဆယ်အိမ်ဂေါင်း ဆိုတော့လည်းကြောက်ရတယ်။ နောက်ပြီး သူကသမီးကလေးမွေးထားတာဆိုတော့ ဒေတာကြိုစုတာများလား။ ကိုယ်ကတော့မဆိုင်ပါဘူး ဒါပေမယ့် မေးတော့လည်းဖြေရတာပေါ့။ ၁။ ဒီဂဇတ်ရွာကို ဘယ်နှစ်ခုနှစ် က စရောက်သနည်း။ သင်္ကြန်မှာ သင်ဇာကဲနေတဲ့ပုံကို ကြည့်ရင်း ရွာထဲကို လည်တယ်လည်တယ်နဲ့ရောက်လာတာမို့     သိပ်မမှတ်မိဘူး။ ကိုယ့်ဘာသာတွက်ကြည့်လေ။ ၂။ ပို.စ်ဘယ်နှစ်ခု တင်ပြီး သနည်း။ အားအားယားယား လျှောက်ရေးနေတာဘယ်လောက်ရှိပြီလဲတောင်မသိတော့ဘူး။     ဒါနဲ့ဆို ၂၃ ပုဒ်ပေါ့။ ၃။ ရွာ့စည်းကမ်း ဘယ်နှကြိမ် ဖောက်ဖူးသနည်း။  အဲဒါတော့လာမပြောနဲ့ ရှင်းရှင်းပဲ လုံးဝပဲ။ အစကတည်းက စည်းကမ်းမလိုက်နာတတ်တာ။ ၄။ စတစ်ကီ ဘယ်နှခါရဖူး သနည်း။ စတစ်ကီပေါ့၊ ဂျင်မီနဲ့လိုက်ပြေးသွားလို့ မရလိုက်ပါဘူး။ ၅။ ရွာသူားများ ဝိုင်းဆဲတာ ခံဖူးပါသလား။ ဒီလောက်လူယဉ်ကျေးတွေနေတဲ့ရွာမှာ ဆဲမယ့်သူမရှိပါဘူး။ (ကျွန်တော်ကိုဆဲရင်တော့      […]