zayyarchawSeptember 10, 20101min950
ကျွန်တော်ဒီရပ်ကွက်လေးထဲကိုပြောင်းလာတာသိပ်မကြာသေး။ရပ်ကွပ်လေးကသာကေတ ရှု့ခင်းသာနားမှာရှိသည်။အခြေခံလူတန်းစားတွေနေထိုင်ကြသည်။ ဂျူလိုင်ရဲ့မိုးဦးစက်တွေကဒီနေ့တစ်မနက်လုံးပြိုနေကြသည်။အခုလိုမိုးအေးအေးမှာ ကော်ဖီသောက်ရင်းပြတင်းတံခါးဆီမှအပြင်သို့မျှော်ငေးရတာကိုနှစ်သက်သည်။ မိုးတိတ်သွားရင်သစ်ရွက်လေးတွေပေါ်မှာမိုးရေစက်လေးတွေတွဲခိုကျန်ခဲ့အုံးမည်သာ..။ အဲလိုအချိန်မျိုးမှာသစ်ရွက်လေးတွေကြားကနေဖြတ်သန်းတိုက်ခတ်လာတဲံ့လေနုအေးလေးတွေ ကိုရှုရှိုက်ရတာခုံခုံမင်မင်ရှိသည်။ဒီလိုမိုးရေစက်တွေကြားကပင်ကျွန်တော်ချစ်တဲ့ပန်းဦးကေ ကအလုပ် သွားဖို့ထွက်လာသည်။ပန်းနှင့်ကျွန်တော်ကြားကရင်းနှီးမှု့သမုဒယကြိုးက အချိန်တိုအတွင်းမှာပင် ခိုင်မြဲလာသည်။ပန်းက ဆောက်လုပ်စ သန်လျင်ဂေါက်ကွင်းထဲမှာ အင်ဂျင်နီယာအဖြစ်လုပ်ရသည်။ ပန်းရဲ ့ပွင့်လင်းတဲ့စိတ်.. စကားပြောတဲ့အခါရဲရင့်စွာပြောတတ်တဲ့အကျင့်ကိုကျွန်တော်ချစ်သည်။ ကျွန်တော်ကပန်းရဲ့အကြိုအပို့အတွက်ကိုယ့်စရိတ်ကိုယ်စားပြီးလိုင်စင်ယူထားသူဖြစ်သည်။ ပန်းနှင့်ဘက်စ်ကားစီးရတဲ့အခါ ဘယ်တော့မှနောက်တွယ်စီးခွင့်မရခဲ့ပေ။ “လမ်းတွေကမကောင်းဘူး..ပြုတ်ကျလိမ့်မယ် တွယ်မစီးရဘူး ပန်းအနားမှာလာနေ” ဒါဟာကားတွယ်စီးဖို့ကြိုးစားတိုင်းပန်းဆီက ကြားနေကြစကားသံ။ ဘာပဲဖြစ်ဖြစ်ကျွန်တော်ချစ်ပါသည်။ ။ သန်လျင်ဂေါက်ကွင်းထဲမှာကျွန်တော်သဘောကျတဲ့နေရာလေးတွေရှိသည်။မြေနုလမ်းလေးရယ်.. လမ်းဘေးဝဲယာရှိကိုင်းပင်ရှည်ရှည်တွေကြားကနေဖြတ်သွားပြီးမြစ်ကမ်းနဖူးမှာထိုင်ကာ ရွှေတိဂုံစေတီကြီးကိုဖူးရတာရယ်… ညနေအလုပ်သိမ်းချိန်ရောက်ရင်ပန်းနှင့်ကျွန်တော်မြစ်ပြင်ဘေးမှာထိုင်ပြီးစကားတွေပြောခဲ့ကြသည်. ဘဝတွေအကြောင်း.. အချစ်အကြောင်း.. လူတွေအကြောင်း.. သဘောထားနှင့်ခံယူချက်တွေအကြောင်း..စသည်ဖြင့်။ တစ်ရက်…. ….။ ပန်းကိုသွားကြိုတော့အလုပ်တွေမပြီးသေး။ကွင်းထဲဆင်းပြီးကိုယ်တိုင်ဝင်လုပ်နေရသည်။ အလုပ်သမားအချို့အအေးမိထားလို့မလာနိုင်ကြဘူး။အလုပ်တွေကအမြန်ပြီးမှဖြစ်မှာမို့ ဝင်လုပ်နေခြင်းဖြစ်သည်။နဖူးပြင်မှာတော့ချွေးလေးတွေစို့နေသည်။ကျွန်တော်ကမြစ်ပြင်ဘက်သွားပြီး ထိုင်စောင့်နေလိုက်သည်။သိပ်မကြာလိုက်ပါမိုးကရွာလာသည်..ဖွဲဖွဲလေးရယ်။ ပန်းလည်းရောက်လာသည်။မိုးရွာလို့အလုပ်သမားတွေပြန်လွှတ်လိုက်တာ.. မဟုတ်ရင်အကုန်အအေးမိကုန်မယ်။ ပန်းရောကျွန်တော်ပါမိုးဖွဲဖွဲတွေအောက်မှမြစ်ပြင်ကိုငေးကြည့်ရတာသဘောကျသည်။ မိုးရေစက်တွေကြားကနေပန်းမျက်နှာလေးကိုငေးကြည့်ရတာရင်ဖိုလို့ပင်ကောင်းနေသေးတော့သည်။ ပန်းလက်ကလေးကိုညင်သာစွာဆုပ်ကိုင်လိုက်သည်။လုံးဝမရုန်းခဲ့ပါ။နဖူးပေါ်ကျနေတဲ့ပန်းရဲ့ဆံစလေးတွေကို သပ်တင်ပေးရင်းနဖူးလေးကိုနမ်းပစ်လိုက်သည်။ “ဟေ့..ဒါဘာလုပ်တာလဲ“ “ဘာဖြစ်သွားမှန်းမသိဘူး“ “ဒီလိုလုပ်လို့ရလို့လား“ စိတ်ဆိုးလို့လား“ “ဟင့်အင်“ “သော်(ကျွန်တော်)ကိုချစ်လား..ပန်း“ “သံယောဇဉ်တော့ရှိတယ်..ချစ်တယ်ပြောဖို့ကျတော့…..“ စကားစဖြတ်သွားသည်။ […]